သရုပ်ဆောင်ထွန်းထွန်းကိုတော့ မြန်မာနိုင်ရဲ့ထိပ်တန်းသရုပ်ဆောင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ ပရိသတ်အသည်းကျော်လေး ထွန်းထွန်းကတော့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ အသည်းစွဲချစ်ခဲ့ရသူလေးဖြစ်ပါတယ်။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေ နဲ့ ပရိသတ်တွေအချစ်တွေကိုလဲ ရရှိနေသူလေးပဲဖြစ်ပါတယ်။ 

ထွန်းထွန်းကတော့ မန်ယူအသင်းကို ငယ်ငယ်တည်းက အားပေးခဲ့ရပြီး ယခုချိန်မန်ယူအသင်းသားတွေနဲ့ အနီးကပ်မြင်ခွင့်ရမှာမို့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ထွန်းထွန်းကတော့ " Hello မင်္ဂလာပါခင်ဗျာ

KKTT တစ်ယောက်က ဘောလုံးအားကစားကို ဟိုးချာတိတ်ကတည်းက ရူးရူးမူးမူးဝါသနာပါတာသိတယ်မလား။ ဘောလုံးကန်တာကိုတကယ်ဝါသနာပါတဲ့သူတိုင်းမှာ သူတို့အမှန်အကန် အားပေးတဲ့အသင်းတွေ ကိုယ်စီရှိတယ်ဗျာ။ ကျွန်တော်ကတော့ Manchester United Fan. ကျွန်တော့်လို ဘောလုံး crazy တွေအဖြစ်ချင်ဆုံးက ဘာဖြစ်မယ်လို့ထင်ကြလဲ။

ကိုယ်လုံးဝကြွေပြီး အားပေးရတဲ့ အသင်းရဲ့ပွဲကို ကွင်းထဲမှာ ကိုယ်တိုင်အားပေးဖို့ပေါ့။ ဒါပဲပေါ့ဗျာ။ကျွန်တော်တော့ ICC Singapore မှာ မန်ယူပွဲ သွားကြည့်ဖို့ အတွက် အရမ်းတွေ(တော်တော်ကြီးကို) စိတ်လှုပ်ရှားနေပြီ။ စင်ကာပူဆိုတာလည်း သွားလိုက်ပြန်လိုက် လုပ်နေတော့ ကိုယ့်အိမ်ကိုယ့်ယာလို နီးနီးနားနားဖြစ်နေပြီလေ။ မန်ယူအသင်းရဲ့ လက်ရှိကစားသမားတွေရယ် သူတို့ရဲ့ ခြေစွမ်းနဲ့ ကစားကွက် တွေကို ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ အားပေးရမယ်ဆိုတော့ ကျွန်တော့်တစ်သက်မှာ အလုပ်ချင်ဆုံးဆန္ဒ တွေထဲကတစ်ခုပဲဗျာ။ ကဲ... အဲ့ဆန္ဒက မကြာခင်ပြည့်တော့မယ်။ "ဆိုပြီးရေးသားထားခဲ့ပါတယ်။

source:ထွန်းထွန်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။