ဂျပန်နိုင်ငံသို့ လေ့ကျင့်ခြေစမ်းခရီး ထွက်ခွာလာသည့် မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းသည် ယနေ့ (ဇူလိုင် ၁၆) နေ့လယ်ပိုင်းတွင် အိုဆာကာမြို့သို့ ချောမောစွာရောက်ရှိခဲ့ပြီး ညနေပိုင်းတွင် လေ့ကျင့်ခန်း အစီအစဉ် စတင်မည် ဖြစ်ပါတယ်။မြန်မာယူ-၁၈ အသင်း အနေဖြင့် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ J-GREEN SAKAI လေ့ကျင့်ရေး စင်တာတွင် ဇူလိုင် ၁၆ ရက်မှ ၂၅ ရက်ထိ ၁၀ရက်ကြာ လေ့ကျင့်မည်ဖြစ်ပါတယ်။

လေ့ကျင့်ရေး ကာလအတွင်း ဇူလိုင် ၁၈ တွင် Cerezo Osaka U-18 အသင်း နှင့်လည်းကောင်း၊ ဇူလိုင် ၂၁ တွင် Osaka Sangyo University အသင်းနှင့်လည်းကောင်း၊ ဇူလိုင် ၂၄ တွင် Hannan University အသင်း နှင့်လည်းကောင်း ခြေစမ်းမည်ဖြစ်ပါတယ်။

မြန်မာလက်ရွေးစင် ယူ-၁၈ အသင်းကို အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင်၊ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းတို့က တာဝန်ယူဆောင်ရွက်နေပြီး အာဆီယံယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲနှင့် အာရှယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက် လေ့ကျင့် ခြေစမ်းခြင်း ဖြစ်ပါတယ်။ ဂျပန် လေ့ကျင့်ခြေစမ်းခရီးစဉ်သို့ အုပ်ချုပ်/နည်းပြအဖွဲ့ဝင် ကိုးဦး၊ ကစားသမား ၂၅ ဦး လိုက်ပါသွားခဲ့ပါတယ်။

source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။