ဘာစီလိုနာအသင်းရဲ့ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီကတော့ဘောလုံးရာသီသစ်ပြန်မစခင်မှာမိသားစုနဲ့တူတူအပန်းဖြေနေတာဖြစ်ပါတယ်။မက်ဆီဟာချစ်ဇနီးလေးအပါအဝင်သားသမီးတွေနဲ့ကမ်းခြေလေးကိုရောက်ပြီးတစ်နှစ်ပတ်လုံးပင်ပန်းခဲ့သမျှကို မိသားစုနဲ့အချိန်ကုန်ပြီးအနားယူနေတာဖြစ်ပါတယ်။မက်ဆီဟာနိုင်ငံအသင်း၊ကလပ်အသင်းကိုချစ်ခင်သူတစ်ယောက်ဖြစ်ရုံသာမကမိသားစုကိုပါချစ်မြတ်နိုးသူတစ်ယောက်ပါ။

ဘောလုံးကွင်းတွေထဲမှာနိုင်ပွဲတွေအောင်မြင်မှုတွေရယူဖို့ကြိုးစားခဲ့တာတဲ့ပင်ပန်းမှုတွေဟာခုမိသားစုနဲ့အနားယူတဲ့အချိန်မှာ ကွယ်ပျောက်သွားတာဖြစ်ပါတယ်။သူကတော့ဘောလုံးရာသီနားပြီးကစားသမားတွေမိသားစုတွေနဲ့အပန်းဖြေခရီးတွေထွက်နေပေမယ့်နိုင်ငံပွဲတွေရှိတာကြောင့်မနားနိုင်သေးပဲအသင်းအတွက်ပေးဆပ်ခဲ့တာပါ။နိုင်ငံပွဲတွေပြီးဆုံးချိန်မှသာမိသားစုကိုအချိန်ပေးပြီးအနားယူနေတာပါ။

ဥရောပဘောလုံးရာသီတွေဟာလည်း မကြာခင်လပိုင်းအတွင်းပြန်စတော့မှာဖြစ်တာကြောင့် ခြေစမ်းပွဲတွေကိုခုရက်ပိုင်းမှာကစားနေတာပါ။ရာသီသစ်မစခင်ခုလိုအပန်းဖြေနေတာကရာသီစချိန်မှာ ခွန်အားတွေအပြည့်နဲ့ရှိနေနိုင်မှာဖြစ်ပါတယ်။မိသားစုကပေးတဲ့အားအင်တွေနဲ့ ဘယ်လောက်ထိခြေစွမ်းပြအောင်မြင်မှုတွေယူပေးနိုင်မလဲဆိုတာစောင့်ကြည့်ရင်းမိသားစုနဲ့ကမ်းခြေကပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

Source:Messi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။