ကဲ ချစ်ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ပရိသတ်တွေအားလုံးရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ယူပစ်သလို ပျောက်သွားစေနိုင်မယ့် အချစ်ဟာသဇာတ်မြူးကားကြီးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားကြီးကတော့ ပရိသတ်တွေရဲ့အချစ်တော် နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ '' နှစ်ပါးသွား Update '' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်လေးက ဆန်းသလို ဇာတ်လမ်းဇာတ်အိမ်ကလည်း ပရိသတ်တွေ ကြည့်နေကျ ပုံစံမျိုးနဲ့မတူဘဲ တစ်မူထူးခြားစွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကိုတော့ လာမယ့် ဇူလိုင်လ (၁၈) ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အစအနောက်သန်တဲ့ ကောင်လေးတစ်ယောက်နဲ့ မဟုတ်မခံ ခပ်စွာစွာကောင်မလေးတစ်ယောက်က မိဘတွေရဲ့စီစဉ်မှုကြောင့် မထင်မှတ်ဘဲ လက်ထပ်ထိမ်းမြားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပြိုင်ဘက်တွေလိုမတည့်တဲ့ သူတို့နှစ်ယောက်ကတော့ တစ်ဦးကိုတစ်ဦး နည်းမျိုးစုံနဲ့ အပီအပြင်ဆေးထိုးကြရာကနေ ဇာတ်လမ်းစလာခဲ့တာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ နှစ်ပါးသွားဇာတ်လမ်းကတော့ ဘယ်သူနဲ့မတူဘဲ ဆန်းသစ်နေသလို တစ်ကားလုံးပါးစပ်မစိနိုင်အောင်လည်း ရယ်နေရမှာ ဖြစ်ပါတယ်။ Romantic Comdey ဇာတ်ကားလေးဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ချစ်သူနဲ့ပဲဖြစ်ဖြစ် သွားကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒါကြောင့် ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့ ရွှေကစ်အပြိုင် ဆေးထိုးထားတဲ့ '' နှစ်ပါးသွား Update'' ဇာတ်ကားလေးရဲ့ Official Trailer ဗီဒီယိုလေးကိုလည်း အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: နှစ်ပါးသွား Update; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။