ပရိသတ်ကြီးရေ စူးရှတဲ့အကြည့်လေးတွေနဲ့ညှို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့မင်းသားချောလေး ဒေါင်းကတော့ နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးရတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ဒေါင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာလည်းပါဝင်သရုပ်ဆောင်နေပြီး ပီပြင်ပိုင်နိုင်လှတဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကြောင့် ပရိသတ်တွေအများအပြားက လက်ခံအားပေးလာကြတာဖြစ်ပါတယ်။

ဒေါင်းရဲ့ဥပဓိရုပ်ကလည်း ခန့်ညားချောမောပြေပြစ်ပြီး တစ်ချက်ပြုံးလိုက်တိုင်းမှာ ပျိုမဒီလေးတွေရဲ့အသည်းနှလုံးတွေကို လှုပ်ရမ်းလိုက်သလိုပါပဲနော်။အနေအေးပြီး ရိုးသားတည်ကြည်ဖြောင့်မတ်တဲ့ဒေါင်းက လူတန်းစားမခွဲခြားဘဲ အကုန်လုံးကိုဖော်ရွေစွာဆက်ဆံတတ်တဲ့သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်လည်းပေါများတာကို တွေ့ရပါတယ်နော်။

အခုဆိုရင်တော့ ဒေါင်းက "ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ဖြုံဘူးရွာလေးကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ဒေါင်းကတော့ ဇာတ်ရုပ်ကိုပီပြင်အောင်လို့ ဖြုံဘူးရွာလေးမှာ သေချာလေ့ကျင့်နေတာကို ပရိသတ်ကြီးလည်းတွေ့ရမှာပါနော်။အခုဆိုရင်တော့ ဒေါင်းက အကြော်သည်တစ်ယောက်ရဲ့ အကြော်လေးတွေကို အားရပါးရဝယ်စားနေပြီး ပွင့်လင်းရိုးသားတဲ့ပုံရိပ်လေးကိုမျှဝေပေးလိုက်ပါရစေနော်။

Source:We Love Daung/Photo Credit:Pann Myat Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။