မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ ရွှေဘိုဇုန်၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၅ ရက်၊ ညနေပိုင်းက ရွှေဘိုမြို့ရှိ ရန်ကြီးအောင် အားကစားကွင်း၌ ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အစီအစဉ်အရ MPT မှ MPT လူငယ်ဘောလုံးပွဲတော်(ရွှေဘို)ဇုန်အတွက် ဘောလုံး အလုံး ၂၅၀ ၊ Official Main Sponsor Myanmar Care မှ ဘောလုံး ၁၀၀ တို့ကို လှူဒါန်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ လက်ခံရယူခဲ့ပါတယ်။ ယနေ အခမ်းအနားအပြီး၌ ပါဝင်ဆင်နွှဲပေးခဲ့သည့် ကျောင်းသား ကလေးငယ်များအား သက်ဆိုင်ဆရာ စပွန်ဆာပါတနာများမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း| အစားအသောက်များ ပေးဝေခြင်းနှင့် အထိမ်းအမှတ်အောင်လက်မှတ်များပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုမြို့တွင် ပထမဆုံးအကြိမ် ကျင်းပသည့် တိုင်းဒေသကြီးအဆင့် လူငယ်ဘောလုံးပွဲတော်တွင် ကျောင်းသား/သူ စုစုပေါင်း ၂၆၀ ကျော် ဝင်ရောက်ဆင်နွှဲခဲ့ပြီး ဇူလိုင်လ ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည့် MPT အသက်(၁၄) နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါတယ်။ 

source:myanmar national league 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။