ရွှေကစ်လေးလို့ အားလုံးကချစ်စနိုးနဲ့ ခေါ်ဝေါ်ရတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ သရုပ်ဆောင်ပိုင်းမှာ သူမတူအောင် ထူးချွန်သူလေး ဖြစ်ပါတယ်။ ရွှေကစ်လေးက သူမသရုပ်ဆောင်မယ့် ဇာတ်ကောင်ရဲ့ကာရိုက်တာအတိုင်း သဘာဝကျပီပြင်စေဖို့အတွက် အသေးစိတ်ကအစ သေသေချာချာ ပြင်ဆင်လေ့ရှိသူလည်း ဖြစ်ပါတယ်။ အခုလည်း ရွှေကစ်က နောက်ထပ်ရုပ်ရှင်ဇာတ်ကားအသစ်ကြီး ရိုက်ကူးဖို့ ဖြုံဘူးရွာလေးကို ရောက်ရှိနေတာ တွေ့ရပါတယ်။

စာရေးဆရာမ ခင်ခင်ထူးရဲ့ဝတ္ထုကို ဖန်တီးရိုက်ကူးမယ့် '' ဝတ်လဲတော်ပုဆိုး တန်းထိုးလို့ကြိုမယ်'' ဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာတော့ ရွှေကစ်လေးနဲ့အတူ မင်းသားဒေါင်းတို့က အတူတွဲဖက်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ အခုလည်း သူတို့နှစ်ယောက်က ဖြုံဘူးရွာလေးမှာ ဇာတ်ရုပ်ပီပြင်ဖို့အတွက် ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။ ကျေးတောသူလေးတစ်ယောက်အဖြစ် မြင်တွေ့ရမယ့် ရွှေကစ်ကတော့ သနပ်ခါးပါးကွက်ကြားလေးနဲ့ တကယ့်ကို ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ရွှေကစ်လေးက ပခန်းမင်းကိုကြီးကျော်ဆီ သွားရောက်ပြီး ပူဇော်ပသခဲ့တာ တွေ့ရပါတယ်။ ရွှေကစ်ကတော့ သူမဖန်တီးမယ့် ဇာတ်ရုပ်အတွက် အသေးစိတ်ကအစ ကြိုတင်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြုံဘူးရွာကိုရောက်ရှိနေတဲ့

ရွှေကစ်လေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kit Activities;

Photo  Credit ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။