MRTV - 4 ရုပ်သံဇာတ်လမ်းတွဲလေးတွေကနေ ပရိသတ်စတင် သတိထား မိလာတဲ့ သရုပ်ဆောင်နက္ခက်ကတော့ သူရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် တစ်နေ့ထက်တစ်နေ့ ပရိသတ်အားပေးမှု ပိုမိုရရှိလာတာပဲဖြစ်ပါတယ်။နက္ခက်ရဲ့ယောကျာ်းပီသပြီးဆွဲဆောင်မှုရှိတဲ့ ပုံစံလေးတွေကလည်း မိန်းကလေးပရိသတ်တွေကို အကြွေကြီး ကြွေစေခဲ့တာပဲ ဖြစ်ပါတယ်။

ယခုမှာတော့ နက္ခတ်ဟာချစ်ရပါသောနွေဇာတ်လမ်းလေးကို ကြည့်ရူအားပေးတဲ့ ပရိသတ်တွေကိုကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ နက္ခတ်ကတော့ ချစ်ရပါသောနွေ "ဇာတ်လမ်းတွဲ လေးအောင်မြင်စွာပြီးဆုံး သွားခဲ့ပါပြီကြည့်ရှုအားပေးတဲ့ ပရိသတ်တစ်ယောက်ချင်းဆီကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

"ပိုင်သူ" ဆိုတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ခွင့်ပေးခဲ့တဲ Forever group မှ CEO ဆရာဦးဝင်းမော် ,အန်တီလေးဆရာ Hla Phyo

ညီလေး Moe Hein JohnForever Oulala productionအကောင်းဆုံးပုံဖော် ရိုက်ကူးပေးတဲ့ ဒါရိုက်တာ ဆရာ ကိုနေပိုင် စနေ သားtalent management centre မှ မမေသူစိုး May Thu "ချစ်ရပါသော နွေ"အဖွဲ့သားများလုံးနဲ့ အနုပညာ ညီအကို မောင်နှမ များ

အားလုံးကို ကျနော် သရုပ်ဆောင် "နက္ခတ်"မှ အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ။

တခြား မတူညီတဲ့ ဇာတ်ကောင်တွေနဲ့

ပရိတ်သတ်ရှေ့ ကို ပြန်လာခဲ့ ပါဦးမယ်

ကျနော် ချစ်တဲ့ အနုပညာအလုပ်အတွက်

ကျနော့ ကို ချစ်တဲ့ ပရိတ်သတ်တွေ အတွက်

ကျနော် ဆက်ပြီး ကြိုးစားနေပါဦးမည် "ဆိုပြီးရေးသားထားခဲ့ပါတယ်။

source: နက္ခတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။