Miss Myanmar World 2016 Winner တစ်ယောက်ဖြစ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် Bella ကခန္ဓာကိုယ် အချိုးအစားပြေပြစ်လှပပြီး သူမရဲ့ချစ်ဖို့ကောင်းတဲ့ အပြုံးချိုချိုမျက်နှာထားလေးကြောင့်တတိုင်းပြည်လုံးရှိ ပရိသတ်တွေက ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။ အနုပညာလောကထဲကို မကြာသေးမှီကမှ ဝင်ရောက်လာတယ်ဆိုပင်မဲ့ သူမရဲ့ အလှအပတွေနဲ့ သရုပ်ဆောင်မှုတွေကြောင့် ပုရိသတို့ရဲ့ အသည်းနှလုံးကို ချုပ်ကိုင်ဖမ်းစားနိုင်တာဖြစ်ပါတယ်။

Bella ဟာ အသက်အရွယ်အားဖြင့် ၂၀ ကျော်ကျော်သာရှိသေးပင်မဲ့ တစ်ကယ့်ကိုရင်ကျက်တဲ့ မိန်းကလေးတစ်ယောက်လို အနုပညာလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတာဖြစ်ပါတယ်။ နိုင်ငံတကာစင်မြင့်ထက်မှာလည်း မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ရှင်းပြိုင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင်အလှမယ်လေးတစ်ဦးဖြစ်ပါတယ်။

ခေတ်ဆန်ဆန် ဝတ်စားဆင်ယင် သွက်သွက်ချာချာ ပြုမူနေထိုင်တက်ပြီး သူငယ်ချင်းတွေကိုလည်း စိတ်ရောကိုယ်ပါ ခင်မင်ပေါင်းသင်းတက်သူတစ်ယောက်ဖြစ်ပါတယ်။ Bellaကို ကြည့်လိုက်လျှင် အမြဲပြုံးရွှင်နေပြီး ရင်ထဲကလာတဲ့အပြုံးတွေကြောင့် သူမကိုမြင်တွေ့ရတဲ့ လူအပေါင်းတို့ဟာလည်း လန်းဆန်းတက်ကြွသွားမှာ အမှန်ပင်ဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ဓာတ်ပုံဆရာနဲ့အတူ ရိုက်ကူးထားခဲ့တဲ့ ဝိုင်းလေးနဲ့ သူမရဲ့ပုံရိပ်လေးတွေကို official acc တွင်ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Bella Myat Thiri Lwin

Photo Credit Ko Myo KoKo Htut ( AlinkZ Photo Studio)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။