အဆိုတော်မလေး ဆိုဖီယာကတော့ ထူးခြားတဲ့အသံပါဝါ ပိုင်ရှင်လေးဖြစ်တာကြောင့် ''Myanmar Idol Season 1'' ပြိုင်ပွဲကတည်းက ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို ရုပ်ရည်လည်းချောမောလှပတဲ့ ဆိုဖီယာက ယောက်ျားလေးပရိသတ်တွေကြားမှာ အရမ်းရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဆိုဖီယာရဲ့ သီချင်းတော်တော်များများကလည်း လူငယ်ပရိသတ်တွေရဲ့အားပေးမှုများစွာနဲ့ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

မကြာခင်ကထွက်ရှိခဲ့တဲ့ ဆိုဖီယာရဲ့ ''နင်ရဲ့'' သီချင်းဗီဒီယိုလေးကလည်း အတော်လေးအောင်မြင်ခဲ့တာ တွေ့ရပါတယ်။ လတ်တလောမှာတော့ ဆိုဖီယာတစ်ယောက် ပွဲအခမ်းအနားတွေမှာ သီဆိုဖျော်ဖြေနေရတာ ဖြစ်ပါတယ်။ အခုလည်း ဆိုဖီယာက ပိတ်ရက်မှာ အပြင်ထွက်လည်ပတ်နေတဲ့ အမိုက်စားပုံရိပ်လေးတွေကို မျှဝေထားပါတယ်။

ဆိုဖီယာက ချစ်စရာကောင်းတဲ့ ပို့စ်လေးတွေပေးပြီး ပရိသတ်တွေရဲ့အသည်းကို ကြွေကျစေခဲ့တာ ဖြစ်ပါတယ်။ လူငယ်ဆန်ဆန်ဖက်ရှင်လေးနဲ့ အပြတ်လန်းနေတဲ့ ဆိုဖီယာရဲ့ပုံရိပ်လေးတွေကတော့ ကြည့်နေရင်းနဲ့ကို အချစ်တွေပိုသွားစေမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အထာကျနေတဲ့ ဆိုဖီယာရဲ့အမိုက်စားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Sophia Everest Aurora;

Photo Credit - Swan Pyae Aung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။