ပရိသတ်ကြီးရေ အကယ်ဒမီမင်းဦးကတော့ အနုပညာလောကမှာရပ်တည်နေတာ သက်တမ်းတစ်ခုထိကြာမြင့်နေပြီဖြစ်လို့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ဖြစ်နေပါပြီနော်။မင်းဦးရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း ပီပြင်ပိုင်နိုင်လွန်းတာကြောင့် ပရိသတ်တွေအားပေးချစ်ခင်ရကျိုးနပ်တဲ့မင်းသားကြီးတစ်လက်ပဲဖြစ်ပါတယ်နော်။

မင်းဦးကတော့ အရမ်းချစ်စရာကောင်းတဲ့ဇနီးငယ်ငယ်ချောချောလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်လို့ သာယာတဲ့အိမ်ထောင်ရေးမှာ ပျော်ရွှင်အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။မင်းဦးက ချစ်ဇနီးလေးရဲ့လက်ကိုတွဲပြီး ပွဲအခမ်းအနားတွေလည်းတက်ရောက်သလို နှစ်ယောက်အတူတူခရီးတွေလည်းထွက်နေကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းတွေ့မြင်ရမှာပါနော်။

မင်းဦးက ချစ်ဇနီးလေးကိုလည်း အလိုလိုက်အကြိုက်ဆောင်သလို ချစ်ဇနီးလေးကလည်း ဂရုတစိုက်ပြုစုယုယပေးတတ်သူတစ်ယောက်ဖြစ်လို့ မင်းဦးကတော့ စိတ်ပျိုကိုယ်နုစွာနဲ့ ခန့်ညားချောမောနေဆဲဖြစ်ပါတယ်နော်။မင်းဦးရဲ့နုပျိုလန်းဆန်းတက်ကြွမှုတွေကတော့ ရှိရင်းစွဲအသက်ထက် အများကြီးနုပျိုနေတဲ့ပုံရိပ်လေးတွေကိုပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source:Min Oo/Photo By Exposure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။