Super Model တစ်ယောက်ဖြစ်တဲ့ Mဆိုင်းလုဟာ လူမှုကွန်ယက်ပေါ်မှာ အမြဲတမ်း သူမရဲ့ ချစ်စဖွယ်ပုံရိပ် လေးတွေနဲ့ အားလုံးကိုဖမ်းစားတတ်သူတစ်ယောက်ပေါ့။ ချစ်စရာ ကောင်းတဲ့ တိုင်းရင်းသူလေးဟာ အချိန်တိုင်းမှာ အချိုမြဆုံးအပြုံးတွေနဲ့ မြင်သူတိုင်းရဲ့ နှလုံးသားကို အပြတ်အသတ်ဖမ်းစားနိုင်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ မကြာခဏဆိုသလို ခရီးတွေထွက်ပြီး သူမရဲ့ပျော်စရာအချိန်တွေကို ကုန်ဆုံးတတ်သူ တစ်ယောက်ပေါ့။

လက်ရှိအချိန်ထိ အချစ်ရေးမှာ Single အဖြစ်နဲ့ တည်ရှိနေပြီး ကိုယ့်ဘဝရဲ့အချိန်တွေကို ကိုယ်တိုင် တစ်ယောက်တည်း အဆင်ပြေပြေအသုံးချနိုင်နေတဲ့ လွတ်လပ်သူ တစ်ယောက်ပေါ့နော်။ အချစ်ရေး အပူအပင်မရှိလို့ထင်ပါရဲ့ ဆိုင်းလုတစ်ယောက် တစ်နေ့တစ်ခြားပိုပိုပြီးလှလာပုံက နတ်ဆေးတွေများ စားထားသလားလို့တောင်ထင်မိပါရဲ့။

ဒီနေ့မှာလည်းဆိုင်းလုက သူမရဲ့ရင်ခုန်ဖွယ်ရာပုံရိပ်လေးတွေနဲ့ ချစ်စဖွယ် Video လေးကို " အနောက်က သစ်ခွပန်းလေးကို ရွေးမှာလား မမလူကို ရွေးမှာလား ဖြေပါ အမှတ် ၁၀၀ " ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဒီမေးခွန်းလေးကတော့ ဘယ်နှခေါက်ပဲ မေးမေး မမလုဆိုတာ အသေအချာပဲပေါ့နော်။

Photo - M Seng Lu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။