အပျိုကြီးမမ ခင်လေးနွယ်တို့ကတော့ ချစ်သူရှိနေပြီလားဆိုတာ သံသယဖြစ်ချင်စရာပဲနော်။ Single အဖြစ်နဲ့ နေပြီး အခုတော့ချစ်ရတဲ့သူတွေ့ပြီလားဆိုတာတော့ သူမကိုယ်တိုင်အတိ အလင်းပြောမှပဲ သိရတော့မယ်ထင်ပါရဲ့ပရိသတ်ကြီးရေ။ လက်ရှိမှာတော့ မိခင်လေး တစ်ယောက် အင်္ဂလန်နိုင်ငံကို ရောက်ရှိနေပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။

လီဆူတိုင်းရင်းသူလေးဖြစ်ပြီး သူမရဲ့ရိုးရာဝတ်စုံလေးကို အမြဲတမ်း အမြတ်တနိုးနဲ့ဝတ်ဆင် တတ်သူ တစ်ယောက်လည်းြ့ဖစ်ပါတယ်။ အသက်သုံးဆယ်ကျော်အရွယ်ဆိုတာ ထင်ရက်စရာမရှိအောင်ကို နုပျိုပြီးလန်းဆန်းနေတဲ့သူမရဲ့ပုံရိပ်လေးတွေက သက်သေပါပဲ။ အမြဲလိုလိုခရီးထွက်တတ်ပြီး ပျော်စရာအချိန်တွေကို အကျိုးရှိရှိကုန်ဆုံးတတ်သူ တစ်ယောက်ပေါ့။

အမြဲတမ်းလန်းဆန်းတက်ကြွနေပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေးကတော့ တကယ့်ကိုသူမရဲ့ အားသာချက်လေးပေါ့နော်။ သူမရဲ့ပုံရိပ်လေးတွေကို " အင်္ဂလန်ရောက် လီဆူမလေး တစ်ယောက်.... ချစ်သူမပါတော့ လွမ်းရတာပေါ့.. " ဆိုပြီးဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ လီဆူမလေးကို ချစ်တဲ့သူတွေရှိလား။

Photo - Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။