အပြုံးချိုချိုလေးနဲ့အားလုံးကိုဖမ်းစားတတ်တဲ့နတ်သမီးလေးကတော့ ယုသန္တာတင်လို့ခေါ်ပါ သတဲ့ ပရိသတ်ကြီးရေ။ ချစ်စရာကောင်းတဲ့ မျက်ဝန်လေးတွေနဲ့ညို့ယူဖမ်းစားတတ်တဲ့နေရာ မှာတော့ ထိပ်တန်းလို့တောင်ပြောလို့ရလောက်ပါရဲ့။ ကျစ်လျစ်တဲ့ခန္ဓာကိုယ်သွယ်လျလျ လေးဟာ ဘယ်လို Fashion မျိုးနဲ့မဆိုလိုက်ဖက်လွန်းပြီး သူမဟာ အမြဲတမ်းလန်းဆန်း တက်ကြွနေတဲ့ ချစ်စဖွယ်အမျိုးသမီးလေးတစ်ယောက်ပါပဲ။

အမြဲလိုလိုနိုင်ငံခြားခရီးစဉ်တွေကို ခင်လေးနွယ်နဲ့အတူတူထွက်တတ်ပြီး သူငယ်ချင်း နှစ်ယောက် ပျော်စရာအချိန်တွေကို အတူတူကုန်ဆုံးရင်း ဘဝရဲ့အချိန်တော်တော် များများကို ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအတူတူရှိလည်း မုန့်တွေအမြဲလိုလိုသွားစားကြပြီး အခုလည်း နိုင်ငံခြားခရီးစဉ်ကို နှစ်ယောက်အတူတူ ထွက်နေကြတာပဲဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာရိုက်ကူးထားတဲ့ သူမရဲ့ရင်ခုန်ဖွယ်ရာပုံရိပ်လေးတွေ ဟာ မြင်သူတိုင်းကို မချစ်ပဲမနေနိုင်လောက်အောင်ညို့ယူဖမ်းစားလွန်းနေပါတယ်။ ဂါဝန်ဒူးဖုံးလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ မြန်မာပြည်ရဲ့ ရွှေရုပ်ကလေးကတော့ အလှတွေနဲ့ဖမ်းစားလွန်းလို့ ရူးမတတ်ပါပဲနော်။ ချစ်စရာအရုပ်မလေးရဲ့လှသွေးကြွယ် လွန်းတဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။