ချစ်စရာကောင်းတဲ့ သားသမီးတွေကိုပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာကတော့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ မောင်တစ်ထမ်း မယ်တစ်ရွက် ကြိုးစားရုန်းကန်ရင်းနဲ့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအဖြစ်ရပ်တည်လာနိုင်ကြတာပါ။ ပိုင်ဇေရဲထွန်းဟာ အနုပညာအလုပ်တွေကို သိပ်လှုပ်ရှားတာမတွေ့ရသော်လည်း ပရိသတ်တွေကတော့ ယနေ့ထိတိုင် အားပေးနေကြဆဲပါ။ 

မိသားစုအပန်းဖြေခရီးများလည်း မကြာခဏထွက်လေ့ရှိပြီး ခရီးသွားပုံရိပ်များကိုလည်း ပရိသတ်ကြီးကို မကြာခဏဝေမျှလေ့ရှိတာပါ။ သူတို့ရဲ့မိသားစုလေးကိုကြည့်ပြီး ပရိသတ်တွေကအားကျနေရတာပါ။ လတ်တလောမှာလည်း ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံဟာ စင်ကာပူနိုင်ငံသို့အလုပ်ကိစ္စဖြင့် ရောက်ရှိနေကြတာပါ။ 

ဇင်သဲနိုင်ဟာ စင်ကာပူနိုင်ငံမှာ သူမရဲ့ရတနာဆိုင်ဖြစ်တဲ့ ART & J က Homemade ပစ္စည်းလေးကို ပြသရောင်းချနေတာပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ရင်ထဲမှာရော

စိတ်ထဲမှာပါ ပြုံးရုံလေးပြုံးနေလိုက်ပါတယ်

Art &J Myanmar

Exclusive Launch (Singapore) " ဆိုပြီး ဝေမျှထားတာပါ။ ပရိသတ်ကြီးအတွက် သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Paing Zay Ye Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။