ကာရိုက်တာပေါင်းစုံကို အပိုလိုမရှိသရုပ်ဆောင်နိုင်တဲ့ ထိပ်တန်းမင်းသမီးချောလေးပါ။ ဒီလိုသရုပ်ဆောင်ချက်တွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုကို ထိုက်ထိုက်တန်တန်ရရှိထားတာပါ။ လတ်တလောမှာလည်း ပုပ္ပါးမှာရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပါ။

ဒီဇာတ်ကားကြီးကတော့ " ဆူးပန်းခွေသွယ် ဘယက်နှင့်ပေရွက်လိပ်နားတောင်းဆင် " လို့အမည်ပေးထားပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့ ခန့်စည်သူ၊အောင်ရေချမ်း တို့နဲ့တွဲဖက်သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။မခိုင်လေးကတော့ နယ်ဘက်မှာကားရိုက်နေရတဲ့အတွက် ရန်ကုန်ကမိသားစုဝင်တွေကို လွမ်းဆွတ်သတိရနေတာပါ။  

မခိုင်လေးဟာ ရိုက်ကွင်းမှာရိုက်ကူးနေရင်းနဲ့ မတော်တဆဒဏ်ရာရရှိခဲ့တာပါ။ သူမရဲ့ Facebook myday မှာလည်း ခြေခေါက်လဲတာ ဆိုပြီး ဒဏ်ရာပုံလေးကိုတင်ထားတာပါ။ မခိုင်လေးလည်း ဒဏ်ရာမြန်မြန်သက်သာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo - Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။