ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခြူးလေးကတော့ တက်သစ်စမင်းသမီးလေးတစ်ယောက်ဖြစ်ပြီး Mrtv4ကထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ရင်ထဲကို တိုးဝင်လာခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ခြူးလေးကတော့ တက်သစ်စမင်းသမီးလေးဆိုပေမယ့် အိုင်တင်အရမ်းကောင်းပြီး ကြိုးစားတဲ့အနုပညာရှင်တစ်ယောက်ပါနော်။လက်တလောမှာတော့ ခြူးလေးက ချစ်ရပါသောနွေ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုရရှိထားတာပါ။

ချစ်ရပါသောနွေဇာတ်လမ်းတွဲက ဇာတ်သိမ်းသွားပြီဖြစ်ပြီး ခြူးလေးကတော့ သူမရဲ့ အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးတွေကို"ဆရာ့ ရဲ့ ဖန်တီးမှုတွေကြောင့် “ ချစ်ရပါသောနွေ “ လေး ကြည့်ရှုသူတွေရဲ့ အသည်းနှလုံးကို လှုပ်ခတ်စေခဲ့ပါတယ်( အပိုင်း ၁၇ ၁၈ ၁၉ ၂၀ ဟာ ခြူးလေး ရိုက်ဖူးသမျှ ကားတွေထဲမှာ အကြိုက်ဆုံး ဖြစ်ခဲ့ရပါတယ် )ဆရာ့ ရဲ့ ဒီကားပေါ်မှာ ထားတဲ့ စေတနာကို အထူးပင်လေးစားမိပါတယ် ရှင် .....ဒီနေ့ အန်တီကြီးတစ်ယောက် ဖုန်းဆက်ပြီး သနားလို့တဲ့ ၄ခါတောင်ငိုတယ်။

"ခုတော့ ခြူးလေးငိုနေပါပြီ အော်ဟစ်ငိုပြနေစရာ မလိုဘဲနဲ့ ကြည့်ရှုသူ ပရိတ်သတ်ရဲ့ မျက်ရည်ကို ခြွေယူတဲ့ ချစ်ရပါသော နွေလေး ဘဝမှာ အမြဲ " လွမ်း " နေမှာပါ ပါဝင်သရုပ်ဆောင်ကြတဲ့ သူငယ်ချင်းများကိုလည်း အပြင်မှာ တကယ် ဝေးသွားရသလိုခံစားနေရပါတယ်"ဆိုပြီး ဇာတ်လမ်းတွဲရဲ့ မျက်ရည်ဖြိုင်ဖြိုင်ကျရမယ့် ဇာတ်ဝင်ခန်းပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ခြူးလေးက မျှဝေပေးလိုက်ပါတယ်နော်။

Source:Chue Chue

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။