ဂရစ်ဇမန်းကတော့ဒီနှစ်ဘောလုံးရာသီမစခင်မှာစပိန်ထိပ်သီးဘာစီလိုနာအသင်းကိုစံချိန်တင်ပြောင်းရွေ့ကြေးနဲ့ပြောင်းရွေ့သွားခဲ့ပါတယ်။သူကတော့နေမာနဲ့မက်ပီတို့ပြီးရင်တတိယမြောက်ဈေးအကြီးဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူကတော့ခုချိန်မှာ ဘာစီလိုနာအသင်းနဲ့တူတူလေ့ကျင့်ခန်းအစီစဉ်တွေလုပ်နေပြီဖြစ်ပါတယ်။ 

ဂရစ်ဇမန်းကတော့ အက်သလက်တီကိုအသင်းမှာ ၅နှစ်ကြာကစားခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးအကောင်းဆုံးခြေစွမ်းပြနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူကိုထိပ်သီးအသင်းတော်တော်များများကလည်းခေါ်ယူဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးမှာဘာစီလိုနာအသင်းကိုပြောင်းရွေ့လာတာပါ။ဘာစီလိုနာအသင်းကိုအစောပိုင်းထဲကပြောင်းရွေ့ဖို့သတင်းတွေထွက်ခဲ့ပေမယ့် မကြာသေးခင်ကမှအတည်ပြုပြောင်းရွေ့ခဲ့တာပါ။ 

သူကတော့ဘာစီလိုနာအသင်းကိုရောက်ရောက်ခြင်းမှာပဲလေ့ကျင့်ခန်းအစီစဉ်တွေလုပ်ပြီးပျော်ရွှင်နေတာဖြစ်ပါတယ်။ဘောလုံးရာသီသစ်ကလည်းမကြာခင်ပြန်စတော့မှာဖြစ်တာကြောင့် ဂရစ်ဇမန်းရဲ့ဘာစီလိုနာအသင်းရဲ့ပုံရိပ်တွေကိုတွေ့ရဖို့ရှိနေတာပါ။ခုမှာလည်းဘာစီလိုနာအသင်းကိုရောက်ရောက်ခြင်းမှာဂရစ်ဇမန်းတစ်ယောက်လေ့ကျင့်ခန်းဆင်းနေရင်း ပေါင်ခြားထဲဘောလုံးကိုထည့်ခြင်းခံလိုက်ကပါတယ်။ဂရစ်ဇမန်းအနေနဲ့တော့ ဘာစီလိုနာအသင်းကိုရောက်ရောက်ခြင်းမှာပဲ ပညာပြခံလိုက်ကတဲ့video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။