အကယ်ဒမီဆုရှင် မင်းသားကြီးဖြစ်တဲ့ ခန့်စည်သူကို အားလုံးပဲသိကြမှာပါ...။ ရုပ်ချောသဘောကောင်းတဲ့ လူပျိုကြီး ခန့်စည်သူဟာဆိုရင် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးမှုကိုအခုချိန်ထိပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်...။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ဟာသလေးတွေနှောပြီး သရုပ်ဆောင်ခဲ့တဲ့ သူရဲ့ ဆွဲဆောင်မှုရှိရှိ အမူအရာတွေဟာဆိုရင် ပရိသတ်တွေရင်ထဲ စွဲကျန်ရစ်ခဲ့တာပါ..။ Mrtv-4 ဇာတ်လမ်းတွဲတွေမှာလည်း လူငယ်သရုပ်ဆောင်တွေကိုလက်တွဲခေါ်ပြီး ပညာတွေ လက်ဆင့်ကမ်းပေးနေတဲ့ ကိုခန့်ဟာ အခုလက်ရှိပြသနေတဲ့ "ကြယ်ကလေးရဲ့ ကောင်းကင်" ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာပါ...။

ကျော်ထက်ဇော်၊ ပိုးကြာဖြူခင်တို့ သူငယ်ချင်းနှစ်ယောက်ဟာဆိုရင်လည်း ခင်မင်ရင်းနှီးကြပြီး အနုပညာမောင်နှမတွေလို့ ဆိုကြရမှာပါ...။ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို အတူလက်တွဲ၊ သရုပ်ဆောင်ခဲ့ပြီး အခုလက်ရှိပြသနေတဲ့ "ကြယ်ကလေးရဲ့ ကောင်းကင်" ဇာတ်ကားထဲမှာလည်း အတွဲညီစွာ ပါဝင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှု များစွာ ရရှိထားတာပါ...။ ပိုးကြာဖြူခင်ဟာ ဖက်ရှင်အလန်းလေးတွေနဲ့ ဆွဲဆောင်မှုရှိသလို၊ ကျော်ထက်ဇော်ဟာဆိုရင်လည်း ယောကျ်ားပီသပြီး အလွန်ကို ခန့်ညားချောမောတာပါ...။

ပိုးကြာဖြူခင်က ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိအောင်၊ အဆက်အသွယ် မပြတ်ရအောင် အစဉ်အမြဲထုတ်ဖော်တင်ဆက်လေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "မင်းတိမ်ယံလား ကိုတည်ကြည်ခန့်လား ဘယ်သူနဲ့သဘောတူတာလဲပြောကြည့်လေ" ဆိုတဲ့ status လေးနဲ့တကွ ရိုက်ကွင်းပေါ်မှာ ရိုက်ကူးထားခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Poe Kyar Phyu Khin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။