ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး ပရိသတ်တွေကိုယ်စီနဲ့ အခိုင်အမာ အောင်မြင်နေကြတဲ့ ပြည်သူ့အချစ်တော်တွေကတော့ မင်းသားချောဒေါင်း၊ ထူးအောင်နဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်တို့ပဲ ဖြစ်ပါတယ်နော်..။

ဒေါင်းနဲ့ ထူးအောင်တို့ကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားပြီး ရွှေကစ်လေးကတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းပိုက်ထားသူလေးပါနော်..။


အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြသလို ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေကိုယ်စီ ရရှိထားကြတဲ့ သူတို့သုံးယောက်ကတော့ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ဖြုံဘူးရွာကို ရောက်ရှိနေကြပါတယ်နော်..။

“ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ကိုကျီးညို၊ အမောင်နဲ့ ခင်နှောင်းတို့အဖြစ် သရုပ်ဆောင်သွားကြမှာဖြစ်ပြီး ပီပြင်တဲ့ သဘာဝဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ထပ်မံခြွေယူထားဦးမှာပါနော်..။


ဒီကနေ့လေးမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကန်တော့ပွဲပေး အခမ်းအနားလေးကို ဖြုံဘူးရွာမှာပဲ ပြုလုပ်ကျင်းပခဲ့ကြတာ ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ရှိခိုးဆုတောင်းနေကြတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

ချစ်ပရိသတ်တွေ အလွမ်းလေးတွေပြေစေဖို့အတွက် ဖြုံဘူးရွာမှာ ရောက်ရှိနေကြတဲ့ အချစ်တော်လေးတွေရဲ့ ကန်တော့ပေးပွဲ ပုံရိပ်ဗီဒီယိုဖိုင်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo – We Love Daug၊ ဘဝအားမာန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။