အရိုက်ခံရတာက ကိုထွန်းလှပဝရွာသားဖြစ်ပြီးရိုက်တဲ့သူကတော့

တနင်္သာရီတိုင်းဒေသကြီး အမှတ်၂မဲဆန္ဒနယ် လွှတ်တော်အမတ် ရဲမြင့်ဆွေ

ဖြစ်ပါတယ်။

ကြည့်ရှုသူများအဆင်ပြေအောင် စက္ကန့် ၂ဝစာဗီဒီယိုဖိုင် ပါတင်ပေးထားပါတယ်… 

အဆိုပါ ကိစ္စရပ်နဲ့ပတ်သတ်ပြီး

“ တနင်္သာရီတိုင်းအမတ် ကိုရဲမြင့်ဆွေကိစ္စနဲ့ပတ်သတ်ပြီး နည်းနည်းပြောချင်ပါတယ်။ ဗီဒီယိုထဲကသူတို့စကားသံတွေကလည်း သိပ်နားမလည်ဘူး။ ပြီးတော့ ဗီဒီယိုရိုက်နေတာတွေကြည့်ပြီး သံသယနည်းနည်းရှိမိတယ်။ အဲ့ဒါကြောင့် ဒေသခံတွေမိတ်ဆွေတစ်ချို့ဆီ လှမ်းမေးကြည့်တယ် ပြန်ကြားတဲ့အတိုင်းပဲ အမှန်တိုင်းပြောပြမယ်။

တိုင်းအမတ် ကိုရဲမြင့်ဆွေက ကျောင်းဆောက်တာကို အရည်အသွေးသွားစစ်တယ်။ အဲ့မှာထည့်ထားတဲ့ တံခါးဘောင်တွေက အရည်အသွေးမပြည့်တာတွေ့ရတယ်။ ရွာသူရွာသားတွေကလည်း မကျေနပ်လို့လဲခိုင်းတယ်။ ဒါကြောင့်ပြန်လဲခိုင်းတယ်။ ဒါကို အခြားရွာကလူဖြစ်တဲ့ ကိုထွန်းလှက လဲစရာမလိုဘူးဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးစကားများတယ်။ မချေမငံပြောတယ်။ အဲ့မှာ ကိုရဲမြင့်ဆွေက စိတ်လွတ်ပြီး လက်ပါသွားတယ်လို့ သိရတယ်။

အရိုက်ခံရတဲ့သူက အရင်ကပါတီဝင်တစ်ယောက်။ ကိစ္စတစ်ခုကြောင့်ထွက်သွားတယ် တစ်ဖက်ရောက်သွားတယ်။ အဲ့တော့ အမြဲအကန်တွေချည်းလုပ်နေတာလို့ ကြားသိရတယ်။

နောက်သိရတာက အမတ်ကိုရဲမြင့်ဆွေက လူတော်လူမှန်တစ်ယောက် ခုလိုတစ်ခါမှမဖြစ်ဘူးဘူးလို့ပြောပါတယ်။ ဒါက ဒေသခံမိတ်ဆွေတစ်ချို့ရဲ့ပြောပြချက်ပါ။ ဟုတ်မဟုတ် မှန်မမှန်ဆိုတာကတော့ ပါတီတာဝန်ရှိသူတွေက စစ်ဆေးပါ။

အဲ့တော့ ကျွန်တော်ပြောချင်တာက ဒီကိစ္စမှာ ပြဿနာဖြစ်ရတဲ့အကြောင်းအရင်က ကိုရဲမြင့်ဆွေမှန်တယ်။ လက်ပါတာကတော့ ကိုရဲမြင့်ဆွေမှားပါတယ်။ အမတ်တစ်ယောက်အနေနဲ့ လက်ပါစရာ လုံးဝမလိုဘူး။ တရားနည်းလမ်းတကျပဲဖြေရှင်းရပါမယ်။ ခုလိုလုပ်တာ ပါတီပုံရိပ်ကို ထိခိုက်ပါတယ်။ စိတ်ခံစားမှုနောက်ကို လိုက်သွားတဲ့အတွက် တစ်ဖက်အဖွဲ့ ဂွင်ထဲရောက်သွားသလို ဖြစ်သွားပါတယ်။

အဲ့အတွက် တစ်ဖက်က ကျေနပ်သည့်အထိတောင်းပန်းရပါမယ်။ ပါတီကလည်း လိုအပ်သလို သတိပေးဆုံးမဖို့လိုပါလိမ့်မယ်။

ခုလိုအဆောက်အဦးတွေ အရည်အသွေးမပြည့်တာနဲ့ပတ်သတ်ပြီး NLD အစိုးရအဖွဲ့ကိုပြောချင်ပါတယ်။ ဟိုတနေ့ကလည်း မိတ်ဆွေတစ်ယောက်သူတို့ဆီက ကျောင်းဆောက်တာ အုပ်ခဲတွေက လက်မနဲ့တောင်ဖိခြေလို့ရတယ်ဆိုပြီးပြတယ်။ တော်တော်ဆိုးတယ် ” လို့ ဆောင်းပါးများရေးသားနေသူ စာရေးဆရာ ကျော်ကြီး(MDY) က သူ့ဖေ့ဘွတ်မှာ ကြားသိရသမျှကို တင်ထားပါတယ်။

Source: ကျော်ကြီး(MDY) ၊ Aung Htut Thet ဖေ့ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။