နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတစ်ခုလုံးကို နေရာယူထားသူလေးကတော့ သရုပ်ဆောင်မင်းသားချောလေး ဒေါင်းပဲ ဖြစ်ပါတယ်။ သူဟာ ကာရိုက်တာတိုင်းကို အပိုလိုမရှိကွက်တိသရုပ်ဆောင်နိုင်လွန်းသူပါ။ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ကြယ်ပွင့်လေးတစ်ပွင့် အဖြစ်ထွန်းလင်းတောက်ပနေသူလေးတစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။

ဒေါင်းဟာ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရိုက်ကူးတဲ့ " ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရန်အတွက် ရေစကြိုမြို့နယ် ဖြုံဘူးရွာကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒေါင်းဟာ ဒီဇာတ်ကားကြီးမရိုက်ကူးခင် ဒီရွာလေးကိုအကြိုသွားရောက်ကာ သရုပ်ဆောင်လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ ကိုကျီးညိုအဖြစ်ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ 

ဒေါင်ဟာ ဖြုံဘူးရွာက ရွာသူရွာသားများနဲ့လည်း တရင်းတနှီးရှိနေတာဟာလည်း မြင်ရသူတိုင်းကိုပျော်ရွှင်ကြည်နူးစေတာပါ။ ဒီဇာတ်ကားကြီးမှာ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ကြမှာပဲ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ခမောက်လေးဆောင်းကာ ပရိသတ်တွေနဲ့တရင်းတနှီးဓာတ်ပုံရိုက်ကူးနေတဲ့ ဗီဒီယိုလေးကိုလူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပါ။ ပရိသတ်ကြီးလည်း ကိုကျီးညိုရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - ဘဝအားမာန် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။