အနုပညာအလုပ်တွေကို သိပ်မလုပ်တော့ပဲ မိသားစုကိုအချိန်အပြည့်အဝပေးနေတဲ့ မေမေချောရတနာတစ်ယောက် ဆည်းလည်းလေးနှစ်ခုကြောင့် သူမရဲ့ မင်းသမီးဘဝကို စွန့်လွှတ်ရတာ အရမ်းကိုတန်တယ်လို့တွေးနေမိမှာအသေအချာပါပဲ။ ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သားလေးနဲ့ သမီးငယ်လေးတို့နှစ်ယောက်သားက ညမအိပ်ခင် မေမေ့ကို ကန်တော့နေကြတဲ့ Video လေးကို သူမရဲ့လူမှုကွန်ယက်မှာ ကြည်နူးမှုတွေ အပြည့်နဲ့ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုချစ်စရာကောင်းတဲ့ သားသမီးလေးတွေရှိ တာလည်း ဖေဖေမေမေတို့က အမောပြောတာပေါ့နော်။

သားကြီးကောင်းသုတကျော်ကဦးဆောင်ပြီး မေမေ့ကိုဦးချနေတဲ့အချိန်မှာ သမီးငယ်လေး Co Co ကလည်း အားကျမခံလက်အုပ်လေးချီပြီး ဦးတိုက်နေပုံက အရမ်းကိုချစ်စရာ ကောင်းလွန်းနေပါတယ်။ ဒီလိုသာယာပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေတဲ့ မိသားစုဘဝ လေးကိုပိုင်ဆိုင်နေရတဲ့ မေမေချောရတနာတစ်ယောက်ကတော့ သရုပ်ဆောင်မင်းသမီး အဖြစ်ကို ပြန်သွားတော့မယ်မထင်ဘူးနော်။ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် သူမကိုချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေက ယနေ့ထက်တိုင်အားပေးနေဆဲပါပဲ။

ချစ်စဖွယ်သားနဲ့သမီးက သူမကိုကန်တော့နေတဲ့ Video လေးကို " အမေကိုကန်တော့တာ တဲ့ Co Co ကဘုပေါက်နေတော့ တခြမ်းစောင်း " ဆိုပြီး ကြည်ကြည်နူးနူးနဲ့ တင်ထားတာ ပဲဖြစ်ပါတယ်။ ဘေးကကြည့်ရတဲ့ သူတွေတောင် ပါးစပ်မစေ့နိုင်အောင် ပြုံးပြီးကြည်နူးနေမိ တယ်ဆိုရင် မေမေတစ်ယောက် ဘယ်လောက်တောင်အပျော်တွေဝေနေမလည်းဆိုတာ တွေးကြည့်ရုံနဲ့တင်ကြည်နူးရပါရဲ့။ ဒီလိုပျော်စရာအခိုက်အတန့်လေးတွေကို ပရိသတ်ကြီး လည်း ထပ်တူကြည်နူးရအောင် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။