One Direction အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Harry Styles ကိုပရိသတ်ကြီးလဲ သိကြမှာပါ။ သူဟာခုထွက်ရှိလာမဲ့ Elvis Presley ရဲ့ကားမှာ Elvis အနေနဲ့ သရုပ်ဆောင်ဖို့ပြောခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့လဲခုချိန်မှာတော့ သူဟာထပ်မံပြီးတော့ ရုပ်ရှင်သရုပ်ဆောင်ဖို့အတွက် ထပ်ပြောကြားခဲ့ပါတယ်။ သူသရုပ်ဆောင်ချင်တဲ့နေရာကတော့ The Little Mermaid ကားထဲက မင်းသမီးရဲ့ချစ်သူဖြစ်တဲ့ Prince Eric နေရာမှာပဲဖြစ်ပါတယ်။ 

ပရိသတ်တော်တော်များများဟာဆိုရင်လဲ Harry ကို Prince Eric နဲ့တူကြောင်းအရင်ကတည်းကပြောခဲ့ကြတာမို့ ခုချိန်မှာ သူ့အနေနဲ့လဲ Prince Eric အဖြစ်သရုပ်ဆောင်ခြင်ကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့လဲ ပရိသတ်တွေတွေက Prince Eric နေရာမှာ တခြားနာမည်ကျော်သူတွေဖြစ်ကြတဲ့ Henry Cavill, Shawn Mendes နဲ့ Nyle DiMarco တို့နဲလဲတူကြောင်းကို ပြောနေကြပါတယ်။ ဘယ်သူတွေသရုပ်ဆောင်ဆောင် ခု Little Mermaid ကပရိသတ်တွေရဲ့ နောက်ပြောင်ခြင်းကိုခံနေရပါပြီ။ 

ဘာလို့လဲဆိုတော့ ကားတွန်ကားထဲမင်းသမီးနဲ့ Live Action ကားရဲ့မင်းသမီးအပြောင်းအလဲကြောင့်ပဲဖြစ်ပါတယ်။ အဲ့လိုမင်းသမီးအပြောင်းအလဲကြောင်း ပရိသတ်တွေက နောက်ပြောင်လှောင်တာတွေရှိနေခဲ့ပါတယ်။ ကားအနေနဲ့လဲ ခုချိန်ထိတော့ မရိုက်ရသေးပဲ သရုပ်ဆောင်ရွေးနေတုန်းအဆင့်ပဲရျိပါသေးတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေကို ဇာတ်ကားမထွက်သေးပဲနဲ့ ဝေဖန်မှုတွေကိုလျော့စေချင်ပါတယ်။ Walt Disney ကရိုက်တဲ့ကားတွေကလဲ ဘယ်လိုတောင်အောင်မြင်တဲ့ကားတွေဆိုတာကို ပရိသတ်ကြီးလဲ သဘောပေါက် နားလည်ကြမယ်လို့ထင်ပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။