ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားပြီး မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားသူတွေထဲမှာ မော်လ်ဒယ်မင်းသားချောလေးတွေ တစ်စုတစ်စည်းတည်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးပြီးစီးသွားပြီ ဖြစ်ပါတယ်နော်..။

ပြည်သူ့အသည်းကျော် မင်းသားချောလေးတွေဖြစ်ကြတဲ့ အလင်းရောင်၊ ခါရာ၊ တိုင်ရွန်၊ သျှင်းမြတ်၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး တို့ အတူရိုက်ကူးနေကြတဲ့ “ငါတို့သည်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇာတ်ကားရိုက်ကူးနေစဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်နော်..။


တောထဲတောင်ထဲမှာ ခက်ခဲပင်ပန်းစွာ ကြိုးစားရိုက်ကူးနေကြတဲ့ “ငါတို့သည်” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေရင်း သိန်းလင်းစိုးတစ်ယောက် ခြေထောက်ကျိုးသွားတြ့အထိ ထိခိုက်မှုတွေဖြစ်ခဲ့ပြီး တိုင်ရွန်ကလည်း ပျားတုပ်ခံလိုက်ရတာလည်း တွေ့ရပါတယ်နော်..။

“ငါတို့သည်” ရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်စွာ ရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့အကြောင်းလေးကိုလည်း မင်းသားချောလေးအလင်းရောင်က အမှတ်တရဓာတ်ဖမ်းထားတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေနဲ့အတူ အသိပေး ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။


“ငါတို့သည်” ရုပ်ရှင်ဇာတ်ကားကြီးတော့ (၁၉၈၅)ဝန်းကျင်က နိုင်ငံရေးအခြေအနေကို ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် မင်းသားကြီးတွေဖြစ်ကြတဲ့ ကျော်ဟိန်းနဲ့ ဒွေးတို့ မရိုက်ဖြစ်ခဲ့ကြတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်နော်..။

ဒါရိုက်တာ ကိုစတီးလ် ရိုက်ကူးပုံဖော်ထားပြီး အလင်းရောင်၊ ခါရာ၊ ထွန်းကိုကို၊ ထူးခြား၊ တိုင်ရွန်၊ နေထက်လင်း၊ နေမျိုးအောင်၊ နေရဲ၊ သိန်းလင်းစိုး၊ သျှင်းမြတ်၊ အုပ်သာကျော်၊ ရွှေသမီး၊ ရွှေပိုးအိမ်နဲ့ တခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြတာမို့ တကပယ့်ကို ဇာတ်ကားကောင်းလေး တစ်ကားဖြစ်မှာ အသေအချာပါပဲနော်..။

Photo - အလင်းရောင်၊ တိုင်ရွန်၊ သျှင်းမြတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။