လက်ရှိ မြန်မာနိုင်ငံထဲမှာ အောင်မြင်နေတဲ့ လူငယ်အနုပညာရှင်တွေထဲကတစ်ယောက်လည်းဖြစ်ပြီးတော့ ပရိတ်သတ်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး အိမ့်ချစ်ဆိုတာ အားလုံးရဲ့အချစ်တော်လေးပါပဲနော်။ အမိုက်စား အသံချိုချိုလေးတွေနဲ့ တေးသီချင်းလေးတွေကို ပရိတ်သတ်တွေရဲ့ ရင်ထဲကိုရောက်အောင် သီဆိုနိုင်တာကြောင့် ထွက်သမျှသီချင်းတိုင်းက ပရိတ်သတ်တွေ ပါးစပ်ဖျားမှာရေပန်းစားနေခဲ့ရတာချည်းပါပဲနော်။

သူမဟာ ခပ်မိုက်မိုက် ကိုယ်လုံးကိုယ်ပေါက်လေးနဲ့ တစ်သွေးတစ်မွေးနဲ့လှနေတဲ့အလှတွေကိုပိုင်ဆိုင်ထားသူလေးဖြစ်ပြီးတော့ ဖက်ရှင်ကျကျဝတ်တတ်စားတတ်တဲ့ ကောင်မလေးတစ်ယောက်လည်းဖြစ်ပါတယ်နော်။ တစ်ချိန်က ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တဲ့အဆိုတော်ကြီးချစ်ကောင်းရဲ့ ချစ်လှစွာသောသမီးလေးလည်းဖြစ်သလို ဖခင်ခြေရာကိုတစ်ထပ်တည်း လိုက်နင်းနိုင်တဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်နော်။ 

သူမဟာ လတ်တလောမှာဆိုရင် ဖျော်ဖြေရေးတွေနဲ့ နိုင်ငံခြားတွေအထိပါသွားပြီး အလုပ်တွေကြိုးစားနေလျက်ရှိပါတယ်နော်။ လာမယ့် ၂၄ရက်နေ့လောက်မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီးတော့ ၂၆ရက်နေ့လောက်မှာ ဗီယက်နမ်ဘက်ကိုသွားပြီး ထပ်မံဖျော်ဖြေရအုန်းမှာပါ ။ ဒီလို အလုပ်တွေဇယ်ဆက်သလိုဖြစ်နေတဲ့ သူမဟာ နာမည်ကျော် နယူးယောက်ခ့် မြို့ကိုရောက်တုန်းလေး အမှတ်တရ ရိုက်ထားတဲ့ ပုံရိပ်လှလှလေးတွေကို သူမရဲ့ ချစ်ပရိတ်သတ်တွေအတွက် တင်ပေးထားခဲ့တာကိုတွေ့ရပါတယ်နော်။ ကဲ... ဆွဲဆောင်မှုရှိလွန်းတဲ့ လူငယ်ဆန်ဆန်စတိုင်လေးနဲ့ တိုင်းတပါးမြေပေါ်မှာ အထာကျကျနေတဲ့ အိမ့်ချစ်ရဲ့ အလန်းစား ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source :Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။