ရာသီသစ်အတွက်ပြောင်းလဲပြင်ဆင်မှုတွေလုပ်နေတဲ့ ပရီးမီးယားလိဒ်ထိပ်သီး ချယ်လ်ဆီးအသင်းဟာသူတို့ရဲ့အဝေးကွင်းအင်္ကျီအသစ်ကို ကြော်ငြာလိုက်ပြီဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းရဲ့အဝေးကွင်းဝတ်စုံအသစ်ဟာအဖြူရောင်ဖြစ်ပြီး ပရိသတ်တွေအကြိုက် အင်္ကျီဖြစ်ခဲ့ရတာပါ။ချယ်လ်ဆီးအသင်းဟာအဝေးကွင်းအင်္ကျီအသစ်ကိုတော့လာမယ့် ခြေစမ်းပွဲတွေမှာစတင်အသုံးပြုဖို့ရှိနေတာပါ။

ချယ်လ်ဆီးအသင်းဟာဒီနှစ်ဘောလုံးရာသီမှာနည်းပြသစ်နဲ့တူတူအောင်မြင်မှုတွေယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။မနှစ်ကပရီးမီးယားလိဒ်ပြိုင်ပွဲမှာရလဒ်တွေမကောင်းပေမယ့်ယူရိုပါလိဒ်ပြိုင်ပွဲမှာတော့ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ဒီနှစ်ရာသီမှာလည်းချန်ပီယံလိဒ်ပြိုင်ပွဲကိုယှဉ်ပြိုင်ရမှာဖြစ်ပြီး ကစားသမားကောင်းတွေခေါ်ယူခွင့်မရှိပဲအသင်းကကစားသမားတွေနဲ့သာယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အသင်းရဲ့အဓိကကစားသမားဟာဇတ်ကလည်းရီးရဲမက်ဒရစ်အသင်းကိုပြောင်းရွေ့သွားတာဖြစ်တာကြောင့်ချယ်လ်ဆီးအသင်းအနေနဲ့အကောင်းဆုံးကြိုးစားရုန်းကန်ရဖွယ်ရှိနေတာပါ။ရာသီကြိုခြေစမ်းပွဲတွေမှာလည်းချယ်လ်ဆီးအသင်းဟာရလဒ်ကောင်းတွေရရှိနေတာဖြစ်ပါတယ်။နည်းပြသစ်ရဲ့လက်ထက်မှာချယ်လ်ဆီးအသင်းဘယ်လိုအောင်မြင်မှုတွေရမလဲဆိုတာတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရင်းလာမယ့်ရာသီသစ်အတွက်အဝေးကွင်းဝတ်စုံသစ်လေးကိုလည်းမိတ်ဆက်ပေးလိုက်ပါတယ်။

SOURCE:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။