လူငယ်ပရိသတ်တွေရဲ့ အပြေးအလွှား အားပေးဝန်းရံမှုကို ရရှိထားသူလေးကတော့ သရုပ်ဆောင် ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် စတင်ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို တစ်ခဲနက်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် သဇင်ထူးမြင့်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီး အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သဇင်ထူးမြင့်က အပြစ်ကင်းစင်တဲ့ အပြုံးချိုချိုလေးတွေနဲ့ နှစ်လိုဖွယ်ကောင်းလောက်အောင် သဘာဝအတိုင်း လှပလွန်းသူလေးမို့ မြင်သူတိုင်းက ချစ်ခင်နေရတာ ဖြစ်ပါတယ်။ မျက်နှာမြင်တာနဲ့ ချစ်ခင်ပါစေဆိုတဲ့ဆုကို မတောင်းဘဲပြည့်တဲ့ သဇင်ထူးမြင့်က တစ်နေ့တစ်ခြား ပိုပိုပြီး အလှတိုးလာတာလည်း ဖြစ်ပါတယ်။ အခုလည်း သဇင်ထူးမြင့်က သူမရဲ့ဆံနွယ်အရှည်လေးကို ကာလာချိန်းပြီး ပုံစံတစ်မျိုးပြောင်းလိုက်တာ တွေ့ရပါတယ်။

အသစ်ပြောင်းလဲလိုက်တဲ့ ဆံပင်ပုံစံလေးကြောင့် သဇင်ထူးမြင့်တစ်ယောက် အရုပ်မလေးနဲ့ပိုတူသွားပြီး အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ဘိုဆန်ဆန်မျက်နှာလေးနဲ့ လှနိုင်လွန်းတဲ့ သဇင်ထူးမြင့်လေးကိုတော့ ပရိသတ်တွေက ချစ်ပြီးရင်း ချစ်နေရပြီပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဆံနွယ်အရှည်လေးနဲ့ လှချင်တိုင်းလှနေတဲ့ ခင်လှိုင့်သမီးချောလေး သဇင်ထူးမြင့်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thazin Htoo Myint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။