ပုရိသတွေရဲ့ အသည်းစွဲ မော်ဒယ်လ်သရုပ်ဆောင် "M Seng Lu"၊ "အမ်ဆိုင်းလု" ဟာဆိုရင် ကချင်တိုင်းရင်းသူလေးဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားဟာဆိုရင်လည်း အပြစ်ပြောစရာမရှိအောင် အချိုးအစားပြေပြစ်လှပတာပဲဖြစ်ပါတယ်..။ သူမဟာဆိုရင် model လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေပြီး အနုပညာလောကထဲသို့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်...။ မြင်သူတိုင်း ငေးမောရလောက်အောင် ချောမောလှပသူလေး ဖြစ်ပြီး စိတ်သဘောထားဖြူစင်တဲ့အတွက်ကြောင့် အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်...။

သူမဟာဆိုရင် ဆန်းသစ်တဲ့ဒီဇိုင်းလေးတွေနဲ့ အမြဲကို ဖက်ရှင်ကျဆန်းသစ်နေပြီး ဂျပန်လိုစတဲ့ နိုင်ငံတွေမှာ ကျင်းပပြုလုပ်တဲ့ ရှိုးပွဲကြီး တွေမှာလည်းပါဝင်ဖျော်ဖြေခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ အခုလတ်တလောမှာ ဆိုရင် photo shooting၊ ကြော်ငြာ တွေကိုလက်ခံရိုက်ကူးနေတာဖြစ်ပြီး ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်...။ အမ်းဆိုင်လုဟာ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေထွက်လေ့ရှိပြီး ခရီးသွား မှတ်တမ်းပုံရိပ်လေးတွေကိုလည်း တင်ဆက်ပြသပေးနေတာပါနော်...။

အမ်ဆိုင်းလုက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ Instagram စာမျက်နှာတွင် သူမရဲ့ မျက်နှာလေးကို အဖွားအိုနဲ့တူအောင် ပြုပြင်ထားပြီး ပရိသတ်ကြီး အံ့သြမှင်သက်သွားအောင် တင်ဆက်ထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်း ကြည်ရှုခံစားရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source msenglu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။