ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ်ပရိသတ်သတ်မှတ်ခံထားရတာကတော့ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုတို့ပဲဖြစ်ကြပါတယ်။သူတို့နှစ်ယောက်ဟာတစ်ခြားကစားသမားတွေမရတဲ့စံချိန်တွေကိုပိုင်ဆိုင်ထားကြပြီး ဘယ်သူကမ္ဘာ့အကောင်းဆုံးလဲဆိုတာပြောဖို့တောင်ပရိသတ်တွေဆုံးဖြတ်ရခက်ခဲနေတာဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက်စံချိန်သစ်တွေတင်ရင်းပြိုင်ဆိုင်နေတဲ့သူတို့နှစ်ယောက်မှာတော့မက်ဆီကစံချိန်သစ်တစ်ခုရရှိသွားပြီဖြစ်ပါတယ်။၂၀၁၀-၂၀၁၁ ဘောလုံးရာသီကစပြီးခုရာသီအထိပွဲတစ်ပွဲချင်းဆီအလိုက်အကောင်းဆုံးဆုရရှိမှုမှာတော့မက်ဆီက၉နှစ်တာကာလအတွင်း၂၂၅ကြိမ်ရရှိခဲ့တာပါ။ရော်နယ်ဒိုကတော့ ၁၂၅ကြိမ်သာရရှိပြီး အကြိမ်၁၀၀တောင်ကွာခြားနေတာလည်းဖြစ်ပါတယ်။

ခုမှာတော့မက်ဆီကဒိုလေးမလုပ်နိုင်တာကို အပြတ်အသတ်စံချိန်တင်ပြီး လုပ်ပြလိုက်တာဖြစ်ပါတယ်။မက်ဆီဒိုလေးမလုပ်နိုင်တာတွေကိုလုပ်လိုက်ပေမယ့် ဒိုလေးကလည်းမက်ဆီမလုပ်နိုင်တဲ့စံချိန်တွေကိုတင်ထားတာဖြစ်ပါတယ်။ဒါကြောင့် တစ်ယောက်ကိုတစ်ယောက်စံချိန်သစ်တွေတင်ပြီး ဘယ်သူအကောင်းဆုံးကစားသမားလဲဆိုတာကတော့ ပရိသတ်တွေဆုံးဖြတ်ပေးကြပါဦးနော်။

Source:For Sport Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။