ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်နေပြီး ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးပါ..။

လတ်တလောမှာ ဇာတ်ကားရိုက်ကူးဖို့အတွက် ဖြုံဘူးရွာကို ရောက်ရှိနေပြီး ကျေးတောသူလေးအဖြစ် ဝတ်စားဆင်ယဉ်မှုလေးတွေနဲ့အတူ မြင်တွေ့ရတဲ့ ရွှေကစ်လေးကတော့ တကယ်ကို ချစ်စရာလေးပါပဲနော်..။


မင်းသားချောတွေဖြစ်ကြတဲ့ ဒေါင်း၊ ထူးအောင်တို့နဲ့အတူ ရိုက်ကူးမယ့် “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ခင်နှောင်းအဖြစ် ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပြီး ကျေးတောသူလေးအဖြစ် ပျော်နေတဲ့ ရွှေကစ်လေးကတော့ အခုတစ်ခါမှာလည်း ပရိသတ်တွေကို အသည်းယားအချစ်ပိုအောင် လုပ်လိုက်ပြန်ပါတယ်နော်..။

ဟန်ဆောင်မှုတွေမရှိပဲ လွတ်လပ်ပေါ့ပါးစွာ ကလေးလေးတစ်ယောက်လို ကပြီး ခွက်ထိုးခွက်လန်ရယ်နေတဲ့ ရွှေကစ်လေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကတော့ မြင်သူပရိသတ်တွေတိုင်းကို မချစ်ပဲ မနေနိုင်အောင် ဖမ်းစားထားပါတယ်နော်..။


ဖြုံဘူးရွာကို ရောက်ကတည်းက ကျေးတောသူလေးအဖြစ် မြင်တွေ့ရသလို အခုတစ်ခါမှာလည်း နတ်ပူးတဲ့ဟန်ပန်တွေနဲ့ ကလေးလေးတစ်ယောက်လိုကပြီး ရယ်မောပျော်ရွှင်နေတဲ့ ရွှေကစ်လေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုတော့ အားလုံးက သဘောကျအချစ်ပိုနေကြတာပါနော်..။

ဒီကနေ့လေးမှာတော့ ရွှေကစ်လေးရဲ့ ချစ်ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အလွမ်းလေးတွေပြေရင်း အပျော်လေးတွေ ကူးစက်နိုင်ကြပါစေနော်..။


Photo – We Love Shwe Kit

Video – Yu Yu Maw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။