ပရိသတ်ကြီးရေ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ Mrtv4ကထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်ရဲ့ရင်ထဲကိုရောက်ရှိလာတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။တက်သစ်စအနုပညာရှင်လေးတစ်ယောက်ဖြစ်ပေမယ့် ကြိုးစားတဲ့သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလည်း အသိအမှတ်ပြုကြကာ အောင်မြင်မှုလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းလာတာပဲဖြစ်ပါတယ်။

ဝင့်ယမုံနိုင်ကတော့ "ကျွန်မက မဟေသီ"ဆိုတဲ့ ဇာတ်လမ်းတွေမှာ သူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကို ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ကြပြီး အဲ့ဒီဇာတ်လမ်းတွဲဟာပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ တော်တော်ရေပန်းစားခဲ့ပါတယ်နော်။ဝင့်ယမုံနိုင်ကေတာ့ အခုလက်တလောမှာလည်း ဇာတ်ကားတွေအများအပြားနဲ့ကြော်ငြာတွေကိုလည်းရိုက်ကူးနေပြီး ဖိတ်ကြားတဲ့ပွဲအခမ်းအနားလေးတွေကိုလည်း တက်ရောက်နေပါတယ်နော်။

ဝင့်ယမုံနိုင်ကတော့ ပြည့်ပြည့်လေးနဲ့ မြန်မာဆန်တဲ့အလှတရားလေးတွေက မြင်သူတကာငေးရလောက်အောင်လှပလွန်းသူလေးပါနော်။ခေါင်းအစခြေအဆုံး အပြစ်ပြောစရာတစ်နေရာမှမရှိဘဲ အသားအရည်လေးကလည်း ဝင်းဝါစိုပြေပြီး နူးညံ့လွန်းပါတယ်နော်။အခုဆိုရင်တော့ ဝင့်ယမုံနိုင်က မြန်မာဆန်တဲ့အလှလေးကို သနပ်ခါးပါးကွက်လေးနဲ့ရိုးရှင်းစွာလှပနေကာ ယဉ်ကျေးသိမ်မွေ့နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Wint Yamone Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။