ပြီးခဲ့တဲ့ရက်အနည်းလောက်ကစတင်ပြီး တရုတ်နိုင်ငံအတွင်းမှာ ဆိုးဆိုးရွားရွားရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

၎င်းရေကြီးမှုတွေဟာ နိုင်ငံရဲ့ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ဖြစ်ပေါ်နေတာဖြစ်ပြီး မိုးကြီးရာကနေ စတင်ဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအတွင်းက ရေကြီးမှုတွေဟာ ပြီးခဲ့တဲ့ဇွန်လ လောက်ထဲက နေရာတော်တော်များများမှာ ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ကယ်ဆယ်ရေးဝန်ထမ်းတွေအနေနဲ့လည်း တတ်စွမ်းရှိသလောက် ကူညီကယ်ဆယ်မှုတွေပြုလုပ်နေရပြီး လူပေါင်း ၁ သန်းကျော်လောက်ကို ကယ်ဆယ်ပေးပြီးသွားပြီလို့ သိရပါတယ်။

ဒါ့အပြင် ၎င်းရေကြီးမှုတွေကြောင့် တရုတ်နိုင်ငံအတွင်းမှာ စိုက်ပျိုးထားတဲ့ လယ်ဧကတွေများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။

စုစုပေါင်းအေနေနဲ့ဆိုရင်လည်း ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ လယ်ဧကအရေအတွက် ၆ သိန်းကျော်လောက်ရှိတယ်လို့ သိရပါတယ်။

Source -Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။