ဒီဖြစ်ရပ်လေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ တနင်္ဂနွေနေ့က တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဖြစ်ပွားခဲ့ပုံကတော့ အသက် ၁၉ နှစ်အရွယ် delivery driver တစ်ဦးဟာ သူနဲ့ဓာတ်လှေကားထဲမှာ အတူစီးနေတဲ့ ကလေးငယ်လေးကို အပြင်ခေါ်ထုတ်ပြီး လိင်ပိုင်းဆိုင်ရာစော်ကားဖို့ ကျိုးစားခဲ့တာပဲဖြစ်ပါတယ်။

ဓာတ်လှေကားထဲက စီစီတီဗွီမှတ်တမ်းဗီဒီယိုအရတော့ ၎င်းအမျိုးသားဟာ ကလေးငယ်လေးကို ဓာတ်လှေကားတံခါးပွင့်တဲ့အချိန်မှာ ချီပြီးထွက်ပြေးသွားခဲ့တာတွေ့ရပေမယ့် ကလေးငယ်လေးက အရမ်းကိုကံကောင်းခဲ့ပါတယ်။

ဘာကြောင့်လဲဆိုရင် ၎င်းအမျိုးသားဟာ ကလေးငယ်လေးကို ခေါ်ပြီးထွက်လာစဉ် မြေညီထပ်မှာရှိနေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးဟာ မသင်္ကာတာနဲ့ ၎င်းအမျိုးသားလက်ထဲကနေ ကလေးငယ်လေးကို ကယ်တင်နိုင်ခဲ့ပြီး သက်ဆိုင်ရာကိုအကြောင်းကြားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

အဲ့ဒီနောက် ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး ၎င်းအမျိုးသားကို စစ်ဆေးမေးမြန်းတဲ့အခါမှာဆိုရင်လည်း ၎င်းအမျိုးသားကို သူ့အနေနဲ့ကလေးငယ်လေးကို သွေးဆောင်ဖျားယောင်းပြီး လိင်ပိုင်းဆိုင်ရာစော်ကားဖို့ ကြိုးစားခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပေမယ့် ဘယ်လိုအရေးယူမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ကလေးငယ်လေးအနေနဲ့ဆိုရင်လည်း အကြံပက်စက်လှတဲ့ အမျိုးသားရဲ့လက်ကနေ ထိခိုက်ဒဏ်ရာတစုံတရာမရရှိဘဲ မိဘတွေထံ ပြန်လည်ရောက်ရှိခဲ့သလို

ယုတ်ညံ့လှတဲ့အကြံအစဉ်နဲ့ ကလေးငယ်လေးကို ဓာတ်လှေကားထဲကနေ ချီထုတ်သွားတဲ့ အမျိုးသားရဲ့ ဗီဒီယိုဖိုင်ကိုပါ တပါတည်းဖော်ပြပေးလိုက်ရပါတယ်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။