မြန်မာနိုင်ငံမှာ ပရိတ်သတ်တွေအားပေးမှုကို အများဆုံးရရှိတဲ့ နာမည်ကျော်မင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဆုရှင် သရုပ်ဆောင် မြင့်မြတ်ဟာ အားလုံးရဲ့အချစ်တော်တစ်ယောက်ပါ။ ကျရာနေရာမှာ အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ သဘာဝမင်းသားတစ်လတ်ဖြစ်တဲ့အတွက် ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေဟာ သူ့အတွက်ပဲဖြစ်နေခဲ့ရပါတယ်နော်။

ဒီနှစ်ထဲမှာ ထွက်ခဲ့တဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးတွေအတော်များများမှာ သူဟာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ တစ်ကားနဲ့တစ်ကားမတူတဲ့ရသတွေ သရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေရှေ့ကို အကောင်းဆုံးချပြနိုင်ခဲ့တဲ့အတွက်လည်း သူ့ရဲ့ ဇာတ်ကားတိုင်းဟာ မထွက်ခင်ကတည်းက ပေါ်ပြူလာဖြစ်နေခဲ့ရပါတယ်နော်။ ဒါကြောင့်လည်း လတ်တလောမှာဆိုရင် ရုပ်ရှင်ကားကြီးတွေကို ဆက်တိုက်ဆိုသလိုရိုက်ကူးနေရပြီး အနုပညာအလုပ်တွေ ဇယ်ဆက်သလို လုပ်ရတဲ့အထိ အောင်မြင်နေခဲ့ရပါတယ်နော်။

"သတိ အန္တရာယ်ရှိသည်" ဆိုတဲ့ သူ့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း အခုအချိန်မှာ ရုံတင်နေဆဲဖြစ်ပြီးတော့ အခုတစ်ခါမှာလည်း သူငယ်ချင်းဘော်ဒါတွေဖြစ်တဲ့ ယုန်လေးတို့နဲ့ တွဲဖက်ပြီး မာဖီးယားမြို့ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ရိုက်ကူးနေတာတွေ့ရပါတယ်နော်။ သေနတ်တစ်လက်ကို လက်မှာကိုင်ပြီး ခပ်မိုက်မိုက်ပုံစံနဲ့ မာဖီးယားမြို့တော် ဇာတ်ဝင်ခန်းတစ်ခုကို ပီပီပြင်ပြင်ကြိုးစားရိုက်ကူးနေတဲ့ ရိုက်ကွင်းအမှတ်တရ ပုံရိပ်တွေကိုလည်း မျှဝေထားခဲ့တာတွေ့ရပါတယ်နော်။ ကဲ.... ပရိတ်သတ်တွေရဲ့အချစ်တော် သဘာဝမင်းသားကြီး မြင့်မြတ်ရဲ့ ခပ်မိုက်မိုက်သရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Myat Wai Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။