မြန်မာဆန်တဲ့အသွင်အပြင်နဲ့ အမြဲတမ်းလန်းဆန်းမှုတွေပြည့်နေတဲ့ အပျိုကြီး မအေးသောင်းတစ်ယောက် သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှတိုင်း မှတ်သားစရာစကားလုံးလေးတွေကို ထည့်သွင်းတတ်ပါသေးတယ်။ ဒီတစ်ခေါက်မှာ လည်း အချစ်နဲ့ပက်သက်ပြီး ခံစားချက်တစ်ချို့ကို ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ အပျိုကြီး စကားကြွယ်ချက်ကတော့ လှတောသားတောင်အရှုံးပေးလောက်ပါရဲ့။ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ရင်ခုန်ချင်စရာကောက်ကြောင်းတွေဟာ ပုရိသတို့ရဲ့အိပ်မက်တွေ ကို အလှပဆုံးဖြစ်အောင်ဖန်တီးထားနိုင်တဲ့ အစွမ်းတွေအပြည့်ပါ။

ဒါကြောင့်လည်း ကိုကိုပုရိသတို့ရဲ့အသည်းကျော်တစ်ယောက်ဖြစ်လို့နေတာပေါ့။ ကိုယ်ပိုင် စီးပွားရေးလေးကိုလည်း ထူထောင်ထားပြီး အနုပညာ အလုပ်တွေမှာလည်း မလစ်ဟင်း စေပဲ ပရိသတ်နဲ့အမြဲတမ်းထိတွေ့နေတတ်သူတစ်ယောက်ပါ။ စကားသိပ်တတ်ပြီး မြန်မာ ဆန်တဲ့ အပြုအမူ အပြောအဆိုတွေနဲ့ မန္တလာသူလေးရဲ့ ကျော့ရှင်းမှုဟာ အားလုံးရဲ့ နှလုံးသားတွေကို အပြတ်အသတ်ဆွဲကိုင်လှုပ်ခဲ့တာတော့ ငြင်းမရတဲ့ အချက်တစ်ခု ပေါ့နော်။ အခုလည်း အပျိုကြီးက အလှတွေနဲ့သိမ်းသွင်းနေပြန်ပါပြီ။

သူမရဲ့ရင်ခုန်ချင်စရာကောက်ကြောင်းအလှပုံရိပ်တွေကို " ပြောတော့ အချစ်မှာမျက်စိ မရှိဘူးဆို ဘာလို့နောက်တစ်ယောက် ချစ်သွားရတာလဲ မျက်စိရှိတဲ့လူလိမ် ကိုယ်တော့ ကန်းနေပြီ " ဆိုပြီး ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အမြဲတမ်း အလန်းစားတော်ကီတွေနဲ့ ချုပ်တတ် လွန်းသူတစ်ယောက် ဒီတစ်ခေါက်လည်း အမိုက်စားစကားလုံးတွေက ရင်ဘတ် ကိုတိုက်ရိုက်ထိမှန်ခဲ့ပြန်ပါပြီ။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။