ကဲ ချစ်ပရိသတ်တွေအားလုံး စောင့်မျှော်နေခဲ့ရတဲ့ "နှစ်ပါးသွား Update" ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့်ဇူလိုင်လ (၁၈) ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ကြောင်း အရင်ဆုံး သတင်းကောင်းလေးပေးချင်ပါတယ်နော်။ မနက်ဖြန်ကစတင်ပြီး တစ်နိုင်ငံလုံးမှာ တစ်ပြိုင်နက်တည်းရုံတင်ပြသမယ့် ဒီဇာတ်ကားကြီးကိုတော့ ပရိသတ်တွေအနေနဲ့ လက်မလွှတ်တမ်း သွားရောက်ကြည့်ရှုကြဖို့ကိုလည်း အထူးတိုက်တွန်းပေးပါရစေနော်။

ဒီဇာတ်ကားကြီးမှာတော့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ ဝတ်မှုန်ရွှေရည်နဲ့ ယွန်းရွှေရည်တို့အပြင် အခြားအနုပညာရှင်တွေ စုံစုံလင်လင် ပါဝင်ထားတာကြောင့် ကြည့်ရတာတန်စေမယ်လို့လည်း အာမခံနိုင်ပါတယ်နော်။ ဇာတ်ကားအမျိုးအစားကတော့ Romantic Comedy ဇာတ်လမ်းမျိုးဖြစ်ပြီး အချစ်နဲ့ ဟာသရောထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ တစ်ကားလုံးအူတက်အောင်ခွီနေရတာကြောင့် စိတ်အပန်းဖြေချင်တဲ့ ပရိသတ်တွေအတွက်တော့ ကွက်တိပါပဲနော်။

နေတိုးနဲ့ ရွှေကစ်တို့နှစ်ယောက်က အပြန်အလှန် ဆေးထိုးကြမ်ထားတဲ့ ဒီဇာတ်ကားကြီးက Official Trailer နဲ့တင် ကြည့်ရှုသူပရိသတ် အများအပြား ရရှိထားတာ ဖြစ်ပါတယ်။ မကြာခင် ပိတ်ရက်ရောက်တော့မှာဆိုတော့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူတွေနဲ့ အပန်းဖြေရင်း ရုပ်ရှင်ကြည့်ချင်ကြတဲ့ ချစ်ပရိသတ်တွေအတွက် "နှစ်ပါးသွား Update" ဇာတ်ကားလေးကို သွားကြည့်ဖို့ လမ်းညွှန်ပေးချင်ပါတယ်။ ဒါကြောင့် ချစ်ပရိသတ်တွေအတွက် "နှစ်ပါးသွား Update" ဇာတ်ကားလေးရဲ့ရုံတင်စာရင်းကို အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။

Source:နှစ်ပါးသွား Update;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။