ပရိသတ်ကြီးရေ ပိုင်ဖြိုးသုနဲ့ဏကြီးတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး အချင်းချင်းစနောက်ကာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ဇနီးမောင်နှံလေးပါပဲနော်။ဏကြီးကလည်း ချစ်ဇနီးလေးကိုအရမ်းကြင်နာယုယပြီး အမြဲပျော်ရွှင်အောင်ထားသလို သုသုကလည်း ချစ်ခင်ပွန်းအပေါ်မှာကလေးဆိုးလေးလို ဆိုးနွဲ့တတ်သူလေးပါ။ပိုင်ဖြိုးသုက သေးသေးသွယ်သွယ်လေးနဲ့အရမ်းချစ်စရာကောင်းတော့ ဝတ်ရတဲ့အဝတ်စားကလည်း Size သေးတာလေးတွေကိုပဲဝတ်ရတဲ့အကြောင်းကိုအောက်ပါအတိုင်းရေးသားထားပါတယ်။

"ဒီနေ့ကျောင်းတက်ဖို့အဝတ်အစားတွေ United Colors of Benetton မှာသွားဝယ်တယ်...ကိုယ်အရမ်းကြိုက်တဲ့ dress လေးက For Baby Girl တဲ့ ကလေးအတွက်ပေါ့....ခဏတော့စဉ်းစားသွားတယ်...ဝတ်သင့် မဝတ်သင့်....ပြန်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသားပဲဆုံးဖြတ်လိုက်တယ်....ကလေးဝတ်ဖြစ်ဖြစ်...လူကြီးဝတ်ဖြစ်ဖြစ် ကိုယ်တော်ရင်ကိုယ်ဝတ်ဖို့ထုတ်ထားတယ်လို့ပဲသတ်မှတ်ရမှာပဲလေ...နော် ကိုယ့် size ကသူတို့ဆီက ကလေးsize ဖြစ်နေတာတော့မတတ်နိုင်ဘူးလေ.....

သူများတွေက ကလေးဝတ်ကိုကြီးကောင်ကြီးမားနဲ့ဝတ်ထားတယ်လို့လှောင်လည်း(အဲ့သူများတွေထဲမှာအိမ်ကဦးရေခဲကထိပ်ဆုံးက) ဝတ်မှာပဲ...ဘဝကတိုတိုလေး သူများကိုမထိခိုက်ရင်ပြီးရော ကိုယ်စိတ်ချမ်းသာသလိုနေမှာပဲလေ....နော်....ဘာရယ်မဟုတ် နောက်ကိုဒေါ်သုကို United Colors of Benettonက ကလေးအဝတ်အစားလေးတွေနဲ့ တွေ့ရမယ်လို့...အိမ်ကဦး‌ရေခဲကြီးလို မလှောင်ကြပါနဲ့လို့"ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားမျှဝေထားပါတယ်နော်။ 

Source:Paing Phyo Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။