မိတ်ကပ်ဖန်တီးရှင်တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေ စတင်သတိထားမိခဲ့တဲ့ ညီညီမောင်(စမ်းချောင်း) ဟာ လက်ရှိမှာ ဟာသ Video လေးတွေ ရိုက်ကူးနေပြီး ပရိသတ်တွေရဲ့အချစ်တွေကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ ဟာသဉာဏ်ရွှင်ပြီး အားလုံးကို ပျော်ရွှင်ရယ်မောရအောင် အမြဲတမ်း ဖန်တီးပေးတတ်သူတစ်ယောက်ဖြစ်တာကြောင့် သူမရဲ့ Video လေးတွေဟာဆိုရင်လည်း အတော်လေးလူကြိုက်များကြပါတယ်။ တစ်မျိုးပြီး တစ်မျိုး မရိုးရအောင်ဖန်တီးပေးတတ်တဲ့ ချစ်စရာသုသုလေးပါပဲ။

အောင်မြင်တဲ့မိတ်ကပ်ပညာရှင်အဖြစ်နဲ့ ရပ်တည်ရုံသာမက အခုဆိုရင် အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း သူမရဲ့ချစ်လှစွာသော ခွေးလေးကို ကိုယ့်သားလေးတစ်ယောက် ကို ဆူနေတဲ့ပုံစံလေးနဲ့ Video လေး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီ Video လေးက ရိုက်ထားတာကြာပြီဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့်ချစ်ဖို့ကောင်းနေတုန်းပါပဲ။

တိချစ်သူတွေဟာ ကိုယ့်ရဲ့တိလေးတွေကို ဘယ်တော့မှ တိတွေလို့မမြင်ပဲ ကိုယ့်ရဲ့ သားသမီးလေးတွေလို့သာ မြင်ကြတယ်ဆိုတာ တိချစ်သူတိုင်း သဘောပေါက်ပါတယ်။ သုတစ်ယောက်ရဲ့ သူ့ရဲ့ချစ်လှစွာသော သားတော်မောင်ကို အသုံးကြမ်းလို့ဆူနေတဲ့ပုံစံ လေးကို ဟာသဆန်ဆန်ရိုက်ကူး ထားပြီး မီးခံသေတ္တာထဲက ပိုက်ဆံတွေအထပ်လိုက် ပေးနေတဲ့ ပုံစံလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သားတော်မောင် လေး ကလည်း ဘေးမှာမေမေလုပ်သမျှငြိမ်ပြီးနေနေပုံလေးက အသည်းယားစရာလေးမို့ တင်ဆက်ပေးလိုက်တယ်နော်။

Photo - Nyi Nyi Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။