ချစ်ပရိတ်သတ်ကြီးရေ....အဆိုတော်ထက်ယံနဲ့ သားသားတို့ဟာဆိုရင် ပရိတ်သတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲအဆိုတော်ကောင်လေးတွေပဲဖြစ်ပါတယ်နော်။ နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံမှာအောင်မြင်နေတဲ့ လူငယ်အဆိုတော်တွေလည်းဖြစ်ပြီးတော့ တီထွင်ဖန်တီးမှုလည်း အရမ်းကောင်းတာတွေ့ရပါတယ်။သူတို့ရဲ့ သီချင်းလေးတွေဟာဆိုရင် မြူးမြူးကြွကြွနဲ့ အရမ်းနားထောင်လို့ကောင်းပြီးလူငယ်တွေအကြိုက်တွေ့ခဲ့တာလည်းဖြစ်ပါတယ်။

ထွက်သမျှသီချင်းလေးတွေတိုင်းဟာ ပုံစံဆန်းဆန်းလေးတွေနဲ့ သူမတူအောင်ထူးခြားလွန်းတာကြောင့် ပရိတ်သတ်တွေရဲ့ ပါးစပ်ဖျားမှာစွဲပြီး ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။သားသားက မိန်းမနိုင်နည်းဆိုတဲ့ အခွေသစ်လေးတစ်ခွေထွက်ရှိထားခဲ့ပြီးတော့ ထက်ယံကတော့ ရှေ့မှီနောက်မှီဆိုတဲ့ တေးအယ်လ်ဘမ်အသစ်လေးကို မကြာသေးခင်ကမှထွက်ရှိထားခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ၂၀ကျော် ရည်းစားစာ သီချင်းလေးဟာဆိုရင်လည်း လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးလေးနဲ့ ရိုက်ကူးထားတာလေးလည်းဖြစ်တဲ့အတွက် ကြည့်ရှုတဲ့ပရိသတ်တွေများပြားခဲ့တာတွေ့ရပါတယ်။လတ်တလောမှာတော့ မောလမြိုင်ကပရိသတ်တွေနဲ့ အပေးယူမျှမျှသီဆိုဖျော်ဖြေခဲ့တဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:Thar Thar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။