အဆိုတော်ဆိုတော့ သာမာန်လူတွေထက် ပိုပြီးစကားကြွယ်တယ်ဆိုတာတော့ ပြောစရာ မလိုအောင်သိနေရောပေါ့ ပရိသတ်ကြီးရေ။ အခုတစ်ခေါက် မှာတော့ နေဝင်း တစ်ယောက် စိတ်ကောက်နေတဲ့ ခရီးသွား Blogger လေးကို ချော့မရလို့ ဓာတ်ပုံလေး ရိုက်ပြီး Ro ဆန်ဆန်စကားလုံးတွေနဲ့ ရင်ခုန်အောင်လုပ်လိုက်ပြန်ပါပြီ။ နှစ်ယောက်သားရဲ့ ချစ်ခရီးလမ်းဟာ ဆယ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တစ်ယောက်အပေါ်တစ်ယောက်ထား တဲ့ သဘောထားတွေနဲ့ ချစ်မေတ္တာတွေဟာ နှိုင်းဆလို့မရအောင် ထုထည်ကြီးမား နေမှာအသေအချာပါ။

ချစ်သူရည်းစားသဘာဝ မကြာခဏစိတ်ကောက်ကြတာလေးတွေကတော့ ကြည်နူးစရာ လေးတွေပေါ့။ ကားပေါ်မှာ အရုပ်လေးပိုက်ပြီး စိတ်ကောက်နေတဲ့ ချစ်သူလေးကို ဓာတ်ပုံရိုက်ပြီး " ကလေးတွေကချော့ရခက် " ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာ ပဲဖြစ်ပါတယ်။ ဒီစာလေးမြင်ရင် ချစ်သူတော့မသိဘူး ဖတ်လိုက်ရတဲ့သူကတော့ ချက်ချင်း ကိုကြည်နူးပြီး ပြုံးမိသွားမှာအသေအချာပဲနော်။ ကိုနေဝင်းတို့ ချော့တတ်လိုက်ပုံများတော့ တကယ့်ကိုရင်ခုန်ကြည်နူးစရာလေး။

ဟိုဖက်လှည့် အရုပ်လေးဖက်ပြီးစိတ်ကောက်နေတဲ့ချစ်သူလေးရဲ့ပုံစံကို နေဝင်း တစ်ယောက် အသည်းယားနေမှာတော့ အသေအချာပါပဲ။ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်ဖို့ ကောင်းတဲ့ ခရီးသွား Blogger လေးရဲ့ ပုံစံလေးဟာလည်း မြင်လိုက်တာနဲ့ ဖြူစင်တဲ့ မိန်းကလေးတစ်ယောက်မှန်း သိသာစေပါတယ်။ ချစ်ဖို့ကောင်းတဲ့ ချစ်သူလေးကို စိတ်ကောက်အောင်လုပ်တဲ့ ဦးနေဝင်းကတော့ အပီအပြင်ချော့ပေတော့ပဲနော်။ ချစ်ဖို့ ကောင်းတဲ့စုံတွဲလေး သက်ဆုံးတိုင်ပေါင်းဖက်နိုင်စေဖို့ ဆုတောင်းပေးလိုက်တယ်နော်။

Photo - Nay Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။