ချစ်ပရိတ်သတ်ကြီးရေ... ရိုးရိုးယဉ်ယဉ်လေးနဲ့ဆိုရင်အရမ်းကိုချစ်ဖို့ကောင်းတဲ့ သရုပ်ဆောင်မင်းသမီးလေး အိချောပိုဆိုတာပရိတ်သတ်ကြီးရဲ့အချစ်တော်လေးတစ်ယောက်ပါပဲနော်။ ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ရပြီး သူမရဲ့အကယ်ဒမီရှောခ့်အိုင်တင်တွေက ပရိတ်သတ်တွေကို အချစ်ပိုစေခဲ့ပါတယ်နော်။

အကိတ်တလိုင်း အမိုက်စားခန္ဓာကိုယ်လေးနဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့သူမဟာ ပုရိသပရိတ်သတ်တွေသာမက မိန်းကလေးချင်းတောင်မှလည်ပြန်ငေးရလောက်အောက် ကျက်သရေအပေါင်းနဲ့ပြည့်စုံသူတစ်ယောက်လည်းဖြစ်ပါသေးတယ်နော်။ လက်ရှိမှာသူမဟာ ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုရိုက်ကူးနေပြီးတော့ ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားပါသေးတယ်။

သူမဟာ ဟိုးအရင်ကတည်းက ပရဟိတအလုပ်လေးတွေကိုလည်း တတ်စွမ်းသရွေ့လုပ်တတ်သူလေးဖြစ်ပြီးတော့ အလုပ်တွေမအားတဲ့ကြားထဲကတောင် အလှူသေးသေးလေးတွေလုပ်ဖြစ်ပါသေးတယ်။ အခုလည်း လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတဲ့ လူကြမ်းသရုပ်ဆောင်ဦးဇော်ကြီးအတွက် သူမတတ်စွမ်းတဲ့ဘက်ကနေပြီးတော့ ကူညီတဲ့အနေနဲ့ အလှူငွေ သုံးသိန်းကျပ်ကို အဆိုတော် ယုန်လေးကနေတစ်ဆင့်လှူဒါန်းပေးခဲ့ပါတယ်နော်။ " ရှူတင်မှာ ဆုံလို့ လှူပေးလိုက်ပြီနော် ညီမလေးရေ ... ညီမလေး အိချောပို မှ ဦးဇော်ကြီးအတွက် ကူချင်တယ်ဆိုလို့ ဦးဇော်ကြီးလက်ထဲကို၃သိန်း လှူပေးခဲ့ပြီးပါပြီ ."ဆိုတဲ့ Captionလေးနဲ့အတူ ယုန်လေးကတော့ အိချောပိုရဲ့ အလှူလေးကို ပရိတ်သတ်တွေ ကြည်နူးသာဓုခေါ်လို့ရအောင် သူ့ရဲ့ လူမှုစာမျက်နှာပေါ်မှာရေးသားတင်ထားခဲ့တာကိုတွေ့ ရပါတယ် ချစ်ပရိတ်သတ်ကြီးရေ....

Source : Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။