လူတွေရဲ့နောက်ဖေးပန်းခြံဟာဆိုရင် တော်တော်ကို အထူးအဆန်းတွေများပြီး စိတ်ဝင်စားစရာကောင်းတယ်ဆိုတာကို ပရိသတ်ကြီးသိပါသလား။ နောက်ဖေးပန်းခြံထဲမှာ သင်မသိသေးတဲ့အရာတော်တော်များများဟာရှိတက်ကြပါတယ်။ တခါတလေ အရိုးစုတွေ ရွှေဒင်္ဂါးနဲ့ နားမလည်နိုင်တဲ့အရာတော်တော်များများကို တွေ့ရှိတက်ပါတယ်။ ခုဆိုရင်လဲ အမျိုးသမီးတစ်ယောက်ဟာ သူရဲ့အိမ်နောက်ဖေးပန်းခြံမှာ ထူးထူးဆန်ဆန် သတ္တဝါတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ 

သူတွေ့ရှိခဲ့တဲ့ တိရစ္ဆာန်ကတော့ မြွေလိုလို အကောင်ပါပဲ။ ဒါပေမဲ့လဲ အကောင်ပုံစံက မြွေနဲ့တူတာဆိုလို ခေါင်းပဲရှိတာပါ။ ခေါင်းနှစ်လုံးမြွေလိုတော့ပြောလို့မရတာကလဲ သူရဲ့ ၄လက်မသာရှိတဲ့ ခန္ဒာကိုယ်အရှည်ကြောင့်ပဲဖြစ်ပါတယ်။ သူမအနေနဲ့လဲ အဲ့သတ္တဝါဟာ ဘာသတ္တဝါမှန်းမသိတာကြောင့် Facebook ပေါ် Video အတိုလေးရိုက်ကာတ တင်ခဲ့ပါတယ်။ လူ ၅၀၀၀လောက်က Share ခဲ့ပြီး ၄၀၀၀ကျော်လောက် အောက်မှာ မန့်ခဲ့ကြပါတယ်။ 

ပရိသတ်ကြီးအတွက်လဲ အဲ့ Video ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကမ္ဘာပေါ်မှာလဲ ခုလိုမျိုးဖြစ်ရိုးထုံစံမရှိတဲံ သတ္တဝါတော်တော်များများကို ပရိသတ်ကြီး မြင်ဖူးကြမှာပါပဲ။ ဒါပေမဲ့ တစ်ခုက သူတို့တွေ ဘယ်လိုမျိုး ဖြစ်ပေါ်လာကြတာလဲဆိုတာကပဲ စိတ်ဝင်စားစရာပါ။ လိုအပ်တဲ့ အင်္ဂါဆဲလ်တွေ ပြောင်းလဲသွားမှုကလဲ တခါတလေမှာ လူသားမျိုးနွယ်တွေ တိုးတက်မြင့်မားဖို့အတွက် အထောက်အကူးဖြစ်တက်ပါတယ်။ အာ့ကြောင့်ပဲ ယနေ့ခေတ်ပညာရှင်တွေဟာ ခုလိုမျိုးထူးဆန်ကောင်တွေရဲ့ ဆင့်ကဲဖြစ်စဉ်ကို လေ့လာလျက်ရှိနေကြပါတယ်။ 

Source : Bloggers Area

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။