ခုချိန်လက်တလောမှာဆိုရင်တော့ Area 51 Event ဟာ လူအကြားမှာ စိတ်ဝင်စားလျက်ရှိနေပါတယ်။ အမေရိကန်အစိုးရပိုင်း နေရာတစ်နေရာဖြစ်ပြီး သူတို့တွေကတော့ United States Air Force (USAF) ဆိုပြီး အမေရိကန်လေတပ်ဆိုပြီး နာမည်နဲ့ဖုံးဖိထားပါတယ်။ ဒါပေမဲ့ အားလုံးလဲသိကြတဲ့အတိုင်း Arera 51 ဆိုတာ တကယ့်ကိုထိပ်တန်လျှို့ဝှက်ချက်တွေရှိနေတဲ့ နေရာတစ်ခုပါပဲ။ 

အဲ့နေရာမှာ အလုပ်လုပ်ခဲ့ဖူးကြတဲ့ ပညာရှင်တွေက ကိုယ်တိုင်က အဲ့မှာ ဂြိုလ်သားတွေရှိကြောင်းကို ပြောပြီး လူသားတွေအနေနဲ့ လိုက်မမှီတဲ့ အဆင့်မြင့် ကိရိယာတွေရှိကြောင်းကို ပြောပြပါတယ်။ ထုံစံအတိုင်းပါပဲ...ယုံတဲ့သူရှိသလို မယုံတဲ့သူလဲရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေခုရောက်နေတဲရာစုက ၂၁ရာစုပါ...ဆန်းသစ်တဲ့နည်းပညာတွေနဲ့ အထူးအဆန်းတွေပေါများနေတဲ့အချိန်အခါပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲ့ကိစ္စကိုလူတစ်ယောက်က Meme တွေစလုပ်ပြီး Area 51 ကိုစီးနင်းဖို့အတွက်စတင်ပြုလုပ်လိုက်ပါတယ်။  

ဝင်ရောက်စီးနှင်းမဲ့ အချိန်ကတော့ စက်တင်ဘာလ ၂၀ရက်နေ့ပဲဖြစ်ပါတယ်။ သူနှိုးဆော်ထားတဲ့စကားကတော့ အစိုးရဘက်က ပစ်လာတဲ့ကျည်ဆံတွေကိုရှောင်ဖို Naruto ကားထဲကလို အပြေးနှုန်းနဲ့ပြေးကြမယ်လို့ပြောပါတယ်။ Plan Video ကိုလဲ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေးပေးထားပါတယ်။ သွားရောက်ကြမဲ့သူတွေကတော့ တစ်သန်းကျော်ပဲဖြစ်ကာ အဲ့ထဲကလူတစ်ယောက်သာ အောင်မြင်မယ်ဆိုရင် အမေရိကန်အစိုးရတောင်သိခွင့်မရှိတဲ့ အချက်အလက်တွေကိုသိရမှာပါ။ ဝင်ရောက်စီနှင်းတာနဲ့ သူတို့ဟာ Live လွင့်ပြီးပြသမှာမို့ စောင့်ကြည့်လိုက်ကြတာပေါ့။ 

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။