ပရိသတ်ကြီးရေ အကယ်ဒမီလွင်မိုးကတော့ တစ်ခေတ်တစ်ခါမှာ ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့မင်းသားချောတတစ်လက်ဖြစ်ပြီး လွင်းမိုးရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေက ပရိသတ်တွေကိုဖမ်းစားနိုင်စွမ်းရှိပါတယ်နော်။လွင်မိုးကတော့ လက်တလောမှာ အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး စီးပွားရေးကိုလည်း လုပ်ဆောင်နေတာကိုတွေ့ရပါတယ်နော်။

လွင်မိုးကတော့ ချစ်ဇနီးချောလေးရယ် အရမ်းလှကြတဲ့သမီးလေးနှစ်ယောက်ရယ်နဲ့အတူ မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပြီး အခုဆိုရင်တော့ အရမ်းချစ်စရာကောင်းတဲ့မြေးလေးတစ်ယောက်ကိုပါပိုင်ဆိုင်ထားပါပြီနော်။မြေးဦးလေး Liamလေးကတော့ ဖိုးဖိုး ဖွားဖွားရဲ့လက်ထဲမှာပဲတဖြည်းဖြည်းနဲ့အရွယ်ရောက်လာတာဖြစ်ပါတယ်။ဖွားဖွားမေသူကလည်း မြေးလေးကို သေချာဂရုစိုက်ပြီးစောင့်ရှောက်နေတာပါ။

လွင်မိုးရဲ့ဇနီးချောလေးမေသူကတော့ အသက်အရွယ်တစ်ခုထိရောက်လာတာတောင် နုနယ်ပျိုမျစ်နေဆဲဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးမှာ စိတ်ပျိုကိုယ်နုနေတာပါနော်။မေသူရဲ့အလှအပတွေကတော့ သမီးနှစ်ယောက်ကိုပေးထားတာတောင် မကုန်ခမ်းသွားသေးဘဲကျက်သရေရှိစွာနဲ့ ခန့်ညားလှပနေတဲ့ လွင်မိုးရဲ့ဇနီးချောလေး မေသူရဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:May Thu/Zwe Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။