အနုပညာပျိုးခင်းအစီအစဉ်လေးကနေ စတင်စင်တင်ပေးခဲ့တဲ့ မင်းသမီးချောလေး ယုသန္တာတင် ကတော့အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိ ရရှိနေပြီပဲ ဖြစ်ပါတယ်။သူမကတော့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားတာကြောင့် အချိန်အတိုလေးအတွင်းမှာတင် ပရိသတ်အားပေးမှုကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။သူမရဲ့ သရုပ်ဆောင်မှု ဇာတ်ကားတော်တော်များများကလည်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ရတဲ့ ဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်နော်။

သူမကတော့လက်ရှိမှာ ပြည်တွင်းပြည်ပခရီးစဉ်တွေ ဆက်တိုက်ထွက်နေတာဖြစ်ပြီး အေးဆေးအနားယူနေတာပဲ ဖြစ်ပါတယ်။လတ်တလောမှာတော့ မန်ယူကွင်းကို သွားရောက်လည်ပတ်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ လှရက်လွန်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

ယုရဲ့ အရမ်းကိုပျော်ရွှင်နေတဲ့ မျက်နှာလေးကို ပုံရိပ်လေးတွေထဲမှာ အထင်းသားမြင်တွေ့ရပါတယ်နော်။ အရမ်းမိုက်တဲ့ မန်ယူကွင်းကြီးကို နောက်ခံထားကာ အမိုက်စားရိုက်ထားတဲ့ ခရီးသွားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်နော်။ယုလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source:Yu Thandar Tin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။