ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောလေးကတော့ အားလုံးအသည်းကျော်လေး ဝတ်မှုံရွှေရည်ပဲ ဖြစ်ပါတယ်နော်..။
ဖြူစင်ပြီး ကလေးလေးတစ်ယောက်လို အမြဲချစ်စရာကောင်းတဲ့ ရွှေကစ်လေးကတော့ ကျရာဇာတ်ရုပ်တွေမှာ အကျွမ်းကျင်ဆုံးနဲ့ အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်ပြီး အခုတစ်ခါမှာလည်း သူမရဲ့ ကာရိုက်တာအတွက် ကွင်းဆင်းလေ့လာနေပြန်ပါတယ်နော်..။
အချစ်တော်လေး သုံးယောက်ကတော့ "ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်" ဇာတ်ကားကြီးအတွက် ဖြုံဘူးရွာကို ရောက်ရှိနေကြပြီး ဇာတ်ကားမရိုက်ခင် ဖြုံဘူးရွာဓလေ့တွေကို လယ်ကွင်းထဲအထိဆင်းပြီး ကွင်းဆင်းလေ့လာနေတာ ဖြစ်ပါတယ်နော်..။
ခင်နှောင်းအစစ် မဟုတ်သေးပေမယ့် ကွင်းဆင့်လေ့လာနေတဲ့ အမှတ်တရတွေဟာ ရွှေကစ်လေးအတွက်တော့ တကယ်ကို မမေ့နိုင်စရာ အတွေ့အကြုံတွေနဲ့ ပျော်စရာပါပဲတဲ့နော်..။
ရွှေကစ်လေးကတော့ ပျော်စရာအမှတ်တရတွေကို ပြန်လည်မျှဝေရင်း ဇာတ်ကားရိုက်ရင်လည်း ပုံလေးတွေထပ်တင်ပေးမယ်ဆိုပြီးတော့လည်း ချစ်ပရိသတ်တွေကို ပြောပြထားပါသေးတယ်နော်..။
"ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်ဇာတ်ကားကြီး မရိုက်ခင်ဖြုံဘူးရွာဓလေ့ များကိုကွင်းဆင်းလေ့လာ နေတဲ့အမှတ်တရနေ့ရက်များ
ဇာတ်ကားအတွက်ဆိုပေမယ့်ကစ်အတွက်တော့တကယ့်ကို မမေ့နိုင်စရာအတွေ့အကြုံ တွေနဲ့ပျော်စရာ နေ့ရက်တွေပါ။
ဇာတ်ကားစရိုက်တော့မယ်ဆိုရင်လည်း ပုံလေးတွေ တင်ပေးမယ်နော့
ဒါခင်နှောင်းအစစ် မဟုတ်သေးဘူးနော့.." ဆိုပြီးချစ်စဖွယ်လေး ပြောပြထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်နော်..။
Photo - ဝတ်မှုံရွှေရည်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။