မော်ဒယ်သရုပ်ဆောင်ဝါဆိုမိုးဦးတစ်ယောက် မကြာခင်မှာရောက်ရှိလာတော့မယ့် သူမရဲ့ ၂၅ နှစ်ပြည့် မွေးနေ့အကြိုပွဲလေးကို ခင်မင်ရသူတွေစုပြီး ပါတီပွဲလေးကျင်းပခဲ့တာ ပဲဖြစ်ပါတယ်။ ချစ်ရတဲ့ချစ်သူ အပါအဝင် ခင်မင်ရတဲ့သူငယ်ချင်း ညီမတွေအားလုံး စုပေါင်းပြီး ဒီလိုပျော်စရာပွဲလေးကို ဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။ သိပ်ကိုပျော်ရွှင်ဖို့ ကောင်းတဲ့အမှတ်တရတွေကို ကိုယ့်ကိုတကယ်ချစ်တဲ့ သူတွေကပဲဖန်တီးပေးနိုင်ပါ တယ်။

သူမရဲ့မွေးနေ့ပွဲလေးကို ကောင်းပြည့်တို့စုံတွဲ၊ G-Fatt တို့စုံတွဲ၊ အားတီ၊ ကိကိ၊ ချစ်ခင်ရတဲ့ သူမရဲ့ ညီမလေးတွေနဲ့ ခင်မင်ရသူမိတ်ဆွေတွေတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ခင်မင်ရသူတွေချည်းပဲစုပြီးလုပ်တဲ့ပွဲလေးဖြစ်တာကြောင့် လွတ်လွတ် လပ်လပ်ပျော်ရွှင်ပြီး အရမ်းကို ကြည်နူးစရာအမှတ်တရတွေကို အတူတူဖန်တီးနေကြ တာပဲဖြစ်ပါတယ်။

ဒီလိုကြည်နူးစရာအမှတ်တရပုံရိပ်တွေကို ဝါဆိုက " My 25th pre birthday " ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ သူမကိုချစ်တဲ့ သူမ က ချစ်ရတဲ့သူ တွေနဲ့စုပြီးလုပ်တဲ့ ဒီလိုကြည်နူးစရာပွဲလေးကြောင့် မွေးနေ့ရှင်လေးဝါဆိုတစ်ယောက် ဘယ်လိုတွေပြုံးပျော်နေတယ်ဆိုတာ ပုံလေးတွေနဲ့ဖော်ပြပေးလိုက်ပြီနော်။

Source - Warso Moe Oo

Photo - Safe House

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။