မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးစာရင်းဝင်ဖွေးစိန်လေးကတော့ဆိုင်ဖွင့်ပွဲတစ်ခုကို ဖက်ရှင်ဒီဇိုင်းအဆန်းနဲ့တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ယပ်တောင်ပုံစံ ကုတ်အင်္ကျီ လေးကို ကျကျနန ဝတ်ဆင်ပြီး အဖြူရောင်ဘောင်းဘီရှည်ကို လှလှပပဆင်မြန်းကာ ယုံကြည်မှုရှိရှိနဲ့ပွဲတက်လာပုံက တကယ့်ကိုကြွေဆင်းချင်စရာကောင်းလွန်းနေပါတယ်။ အသက်သုံးဆယ်ဆိုတာ လုံးဝလက်ခံချင်စရာ မရှိအောင်ကို နုဖတ်နေတဲ့သူမရဲ့ ပုံပန်း သဏ္ဏာန်လေးက ချစ်စရာကောင်းလွန်းနေပါတယ်။

ဒီပွဲလေးမှာ မုန်းစွဲဇာတ်ကားမှာအတူတူသရုပ်ဆောင်ခဲ့ရတဲ့ ဇွဲထူးနဲ့ဇွဲထက်တို့နဲ့ လည်းပြန်လည်တွေ့ဆုံ ကာ Selfie ပုံရိပ်လေးတွေကိုရိုက်ကူးခဲ့ပါသေးတယ်။ Superhero ရုပ်လေးတွေကြားမှာ ကလေးလေး တစ်ယောက်လိုပြုံးပျော်ပြီး ရွှင်မြူးနေတဲ့ ဖွေးစိန်လေးရဲ့ အပြုအမူလေးတွေ့တော့ မြင်သူတိုင်း မချစ်ပဲမနေနိုင်လောက်အောင်ကို ဖမ်းစားထားနိုင် လွန်းပါရဲ့ ပရိသတ်ကြီးရေ။

အမြဲတမ်းအသစ်အဆန်းဖက်ရှင်တွေနဲ့ဖမ်းစားနိုင်လွန်းသူဖွေးတစ်ယောက် သူမရဲ့ ပွဲတက်ပုံရိပ်တွေကို " I CHOOSE TO RUN TOWARD MY PROBLEMS AND NOT AWAY FROM THEM...” " Because that's what heroes do." Thor " ဆိုပြီး လူမှု ကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ဘယ်အချိန်ကြည့်ကြည့် ဆွဲဆောင်မှုတွေ လုံးဝလျော့ပါးမသွားတဲ့ ဖွေးစိန်လေးရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်တယ်နော်။

Source - Phway Phway

Photo - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။