ပရိသတ်ကြီးရေ အကယ်ဒမီချောရတနာရဲ့ညီမချောလေးတစ်ယောက်ဖြစ်တဲ့သန္တာဗိုလ်ကတော့ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်နော်။သရုပ်ဆောင်မော်ဒယ်လ်ကောင်းပြည့်နဲ့လည်း အပြန်အလှန်မေတ္တာမျှနေကြကာ နှစ်ယောက်လုံးက အရပ်တွေလည်းရှည်ပြီး အရမ်းချောကြလို့ နေနဲ့လရွှေနဲ့မြလို လိုက်ဖက်ညီတဲ့စုံတွဲလေးဖြစ်ပါတယ်နော်။ကောင်းပြည့်နဲ့သန္တာဗိုလ်တို့ရဲ့ချစ်သူသက်တမ်းကလည်း နှစ်ပေါင်းမနည်းတော့တာကို ပရိသတ်ကြီးလည်းသိကြမှာပါ။

သန္တာဗိုလ်နဲ့ကောင်းပြည့်တို့စုံတွဲလေးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်ပေးနိုင်ပြီး အလုပ်နဲ့ပက်သက်ရင်လည်းအကြံဉာဏ်တွေပေးကြပါတယ်နော်။သန္တာဗိုလ်တို့စုံတွဲလေးက ပွဲအခမ်းအနားတွေကိုလည်း နှစ်ယောက်တူယှဉ်တွဲပြီးတက်ရောက်နေကြတာကို တွေ့မြင်ရပါတယ်။နှစ်ယောက်လုံးက လူငယ်တွေဖြစ်ကြတာကြောင့် ပေါ့ပါးလွတ်လပ်စွာနဲ့ပျော်ပျော်ပါးပါးနေထိုင်တတ်ကြပါတယ်နော်။

ကောင်းပြည့်ကလည်း ချစ်သူသန္တာဗိုလ်ကိုအရမ်းချစ်ပြီး ကြင်နာယုယကာအလိုလိုက်အကြိုက်ဆောင်သလို သန္တာဗိုလ်ကလည်း ချစ်သူအပေါ်မှာ ချစ်စရာကောင်းအောင်ဆိုးနွဲ့တတ်သူလေးပါ။အရမ်းလိုက်ဖက်ညီတဲ့သူတို့စုံတွဲလေးကို ပရိသတ်တွေကလည်းအရမ်းချစ်ကြပြီး အခုဆိုရင်တော့ သန္တာဗိုလ်က"ဒီအကိုကြီးနဲ့တွဲနေဆဲ တွဲနေမြဲပါနော် ပြတ်ပြီလား မေးမေးနေကျလို့"ဆိုပြီး အမေးများနေတဲ့သူတွေအတွက် နှစ်ယောက်တွဲပုံလေးနဲ့အတူ ရေးသားမျှဝေထားပါတယ်နော်။

Source:Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။